Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့အရန်ငွေများတွင် အမေရိကန်ဒေါ်လာ၏ ရှယ်ယာနှုန်းများ (၂၈)နှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်း

Pika (NP News) - မေ ၂၇

ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများ၏ အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချမှု အစီအစဉ်သည် ပိုမိုအရှိန်မြင့်လာပြီဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ နောက်ဆုံးရ အချက်အလက်များအရသိရသည်။

ကမ္ဘာတစ်ဝှမ်းရှိ တရားဝင် ရွှေနှင့် နိုင်ငံခြားအရန်ငွေများတွင် အမေရိကန်ဒေါ်လာ၏ ရှယ်ယာများသည် (၂ဝ၂၂)ခုနှစ်တွင် (၅၈)ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး နှစ်ပေါင်း(၃ဝ)အတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း (IMF)အဖွဲ့၏ စာရင်းဇယားများအရသိရသည်။ ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချရေးသည် ပိုမိုအရှိန်မြင့်တက်လာပြီး နိုင်ငံတကာဗဟိုဘဏ်များ၏ နိုင်ငံခြားအရန်ငွေများတွင် အမေရိကန်ဒေါ်လာ၏ ရှယ်ယာနှုန်းသည် (၁၉၉၅)ခုနှစ်ကရှိခဲ့သော ရှယ်ယာနှုန်းများအတိုင်းရှိလာခဲ့ကြောင်းသိရသည်။ အမေရိကန်ကြွေးမြီးများ ပိုမိုများပြားလာမှုနှင့်အတူ ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချလာခြင်းများကြောင့်  အမေရိကန်ဒေါ်လာ၏ ရပ်တည်မှုသည် ပြီးခဲ့သည့်နှစ်များအတွင်းတဖြည်းဖြည်းယိုယွင်းလာခဲ့ကြောင်းသိရသည်။

ငွေလွှဲနှုန်းအတွက် ချိန်ညှိသည့်အခါတွင် အဆိုပါအပြောင်းအလဲသည် ပိုမိုသိသာထင်ရှားကြောင်း Eurizon SLJ Capital Limited ကုမ္ပဏီ၏ စီအီးအို စတီဖင်ဂျန်ကပြောကြားခဲ့သည်။ စတီဖင်ဂျန်က"(၂ဝ၂၂)ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာတွေက တကယ့်လက်တွေ့မှာတော့ ဒေါ်လာရှယ်ယာတန်ဖိုးတွေ သိသိသာသာထိုးကျသွားတာပါ"ဟုပြောဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ Forex လွှဲပြောင်းမှုများတွင် တရုတ်နိုင်ငံသုံးငွေကြေးယွမ်၏ ရှယ်ယာသည် ပြီးခဲ့သည့် (၁၅)နှစ်ခန့်တွင် သုညရာခိုင်နှုန်းသာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် (၇)ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်း  Bank for International Settlements (BIS)၏ ပြောဆိုချက်အရသိရသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ဗဟိုဘဏ်များသည် ၎င်းတို့၏ပိုင်ဆိုင်မှုများကို ကွဲပြားစေရန်အတွက် ကော်ပိုရိတ်ကြွေးမြီးများ၊အိမ်ခြံမြေကဲ့သို့ မြင်သာထင်သာရှိသောပိုင်ဆိုင်မှုများနှင့် အခြားငွေကြေးများကို ရှာဖွေနေကြောင်း ၎င်းကပြောကြားခဲ့သည်။

Toscafund Hong Kong ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မာ့ခ်တင်ကာက"ဒါကဆောင်ရွက်နေဆဲ လုပ်ငန်းစဉ်တစ်ခုပါ။ ကမ္ဘာ့စနစ်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှုက ပိုမိုနည်းပါးလာတော့မှာပါ"ဟုပြောဆိုခဲ့သည်။


zawgyi version


Pika (NP News) - မေ ၂၇







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘောဒီးယားအစိုးရက မြန်မာနိုင်ငံကို ကိုဗစ်(၁၉)ကာကွယ်ဆေး(၁)သန်းနှင့်ဆေးဘက်ဆိုင်ရာ ပစ္စည်းများလှူဒါန်း

RECENT POSTS
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved