မြန်မာနိုင်ငံထံမှ မတ်ပဲ အပါအဝင် ပဲမျိုးစုံ ပိုမိုတင်သွင်းရန် အိန္ဒိယအစိုးရ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NP News) - မေ ၁၅
ပြည်တွင်းထောက်ပံ့မှုပိုင်း ပိုမိုကောင်းမွန်စေရန်အတွက် ပဲတင်သွင်းသူများအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ပဲမျိုးစုံ ရယူတင်သွင်းမှုများကိုအရှိန်မြင့်လုပ်ဆောင်စေလိုကြောင်း၊ အိန္ဒိယ စားသုံးသူရေးရာဌာနက တိုက်တွန်း တောင်းဆိုလိုက်သည်။
အိန္ဒိယနိုင်ငံအတွင်း ပြည်တွင်း ပဲဈေးနှုန်း တက်လာစေရန်အတွက် ပဲတင်သွင်းသူအချို့သည် မြန်မာနိုင်ငံဘက် ခြမ်းမှ ပဲမျိုးစုံတင်သွင်းမှုများ နှေးကွေးလျက်ရှိနေကြောင်း သတင်းအရင်းအမြစ်တစ်ဦး က ပြောသည်။
အဆိုပါသတင်းအရင်းမြစ်က "အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနဟာ ပြည်တွင်းထောက်ပံ့ရေးကို ထိခိုက်မှုများ ရှိလာနိုင်အောင် ကုန်ပစ္စည်းများ သိုလှောင်ခြင်းများမလုပ်ဖို့ မြန်မာနိုင်ငံကနေ ပဲမျိုးစုံ ရယူတင်သွင်းနေသူများကို သတိပေးထားတယ်" ဟု ပြောသည်။
အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့သည် ပြီးခဲ့သောနှစ်က ပဲမျိုးစုံ တင်ပို့ရေးနှင့်ပတ်သက်ပြီး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ရာ အိန္ဒိယသည် ၂ဝ၂၁-၂ဝ၂၂ ခုနှစ်ဘဏ္ဍာနှစ်မှ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်ဘဏ္ဍာနှစ်အထိ တစ်နှစ်ကို မတ်ပဲ ဝ ဒသမ ၂၅ မက်ထရစ်တန်ချိန် နှင့် ပဲစင်းငုံ ဝ ဒသမ ၁ မက်ထရစ်တန်ချိန် တင်သွင်းရန် သဘောတူညီထား ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကို ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်နေသော်လည်း ပဲစားသုံးမှု များပြားသည့်အတွက် နှစ်စဉ်ပြည်ပမှ ပဲများတင်သွင်းလျက်ရှိနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ပြည်တွင်းတွင် စားသုံးနေသော ပဲမျိုးစုံအားလုံး၏ ၁၅ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံများမှ ပဲမျိုးစုံ တန်ချိန် ၂ မက်ထရစ်တန် တင်သွင်းခဲ့ရကြောင်း သိရသည်။
မတ်ပဲ အပါအဝင် ပဲမျိုးစုံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များတွင် အဓိက သီးနှံဖြစ်ပြီး၊ ပြည်ပနိုင်ငံများ သို့ တင်သွင်းလျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲမျိုးစုံကို တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံ အချို့ကို တင်ပို့လျက်ရှိနေကြောင်း သိရသည်။
Zawgyi Version;
ျမန္မာႏိုင္ငံထံမွ မတ္ပဲ အပါအဝင္ ပဲမ်ိဳးစုံ ပိုမိုတင္သြင္းရန္ အိႏၵိယအစိုးရ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ေမ ၁၅
ျပည္တြင္းေထာက္ပံ့မႈပိုင္း ပိုမိုေကာင္းမြန္ေစရန္အတြက္ ပဲတင္သြင္းသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံဘက္ျခမ္းမွ ပဲမ်ိဳးစုံ ရယူတင္သြင္းမႈမ်ားကိုအရွိန္ျမင့္လုပ္ေဆာင္ေစလိုေၾကာင္း၊ အိႏၵိယ စားသုံးသူေရးရာဌာနက တိုက္တြန္း ေတာင္းဆိုလိုက္သည္။
အိႏၵိယႏိုင္ငံအတြင္း ျပည္တြင္း ပဲေဈးႏႈန္း တက္လာေစရန္အတြက္ ပဲတင္သြင္းသူအခ်ိဳ႕သည္ ျမန္မာႏိုင္ငံဘက္ ျခမ္းမွ ပဲမ်ိဳးစုံတင္သြင္းမႈမ်ား ေႏွးေကြးလ်က္ရွိေနေၾကာင္း သတင္းအရင္းအျမစ္တစ္ဦး က ေျပာသည္။
အဆိုပါသတင္းအရင္းျမစ္က "အိႏၵိယစားသုံးသူေရးရာဦးစီးဌာနဟာ ျပည္တြင္းေထာက္ပံ့ေရးကို ထိခိုက္မႈမ်ား ရွိလာႏိုင္ေအာင္ ကုန္ပစၥည္းမ်ား သိုေလွာင္ျခင္းမ်ားမလုပ္ဖို႔ ျမန္မာႏိုင္ငံကေန ပဲမ်ိဳးစုံ ရယူတင္သြင္းေနသူမ်ားကို သတိေပးထားတယ္" ဟု ေျပာသည္။
အိႏၵိယႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ၿပီးခဲ့ေသာႏွစ္က ပဲမ်ိဳးစုံ တင္ပို႔ေရးႏွင့္ပတ္သက္ၿပီး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ရာ အိႏၵိယသည္ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ဘ႑ာႏွစ္မွ ၂ဝ၂၅-၂ဝ၂၆ ခုႏွစ္ဘ႑ာႏွစ္အထိ တစ္ႏွစ္ကို မတ္ပဲ ဝ ဒသမ ၂၅ မက္ထရစ္တန္ခ်ိန္ ႏွင့္ ပဲစင္းငုံ ဝ ဒသမ ၁ မက္ထရစ္တန္ခ်ိန္ တင္သြင္းရန္ သေဘာတူညီထား ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံသည္ ပဲမ်ိဳးစုံကို ျပည္တြင္းတြင္ စိုက္ပ်ိဳးထုတ္လုပ္ေနေသာ္လည္း ပဲစားသုံးမႈ မ်ားျပားသည့္အတြက္ ႏွစ္စဥ္ျပည္ပမွ ပဲမ်ားတင္သြင္းလ်က္ရွိေနေၾကာင္း သိရသည္။ အိႏၵိယႏိုင္ငံသည္ ျပည္တြင္းတြင္ စားသုံးေနေသာ ပဲမ်ိဳးစုံအားလုံး၏ ၁၅ ရာခိုင္ႏႈန္းကို ျပည္ပႏိုင္ငံမ်ားမွ တင္သြင္းေနရျခင္းျဖစ္ေၾကာင္း သိရသည္။ အိႏၵိယႏိုင္ငံသည္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္တြင္ ျပည္ပႏိုင္ငံမ်ားမွ ပဲမ်ိဳးစုံ တန္ခ်ိန္ ၂ မက္ထရစ္တန္ တင္သြင္းခဲ့ရေၾကာင္း သိရသည္။
မတ္ပဲ အပါအဝင္ ပဲမ်ိဳးစုံသည္ ျမန္မာႏိုင္ငံ၏ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားတြင္ အဓိက သီးႏွံျဖစ္ၿပီး၊ ျပည္ပႏိုင္ငံမ်ား သို႔ တင္သြင္းလ်က္ရွိေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံမွ ထြက္ရွိေသာ ပဲမ်ိဳးစုံကို တ႐ုတ္၊ အိႏၵိယ အပါအဝင္ ႏိုင္ငံ အခ်ိဳ႕ကို တင္ပို႔လ်က္ရွိေနေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံထံမှ မတ်ပဲ အပါအဝင် ပဲမျိုးစုံ ပိုမိုတင်သွင်းရန် အိန္ဒိယအစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း