မြန်မာနှင့်တရုတ်နိုင်ငံကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပါအဝင် ကဏ္ဍ(၃)ခုတွင် ပူးပေါင်းဆောင်ရွက်ရန် CECCM ဥက္ကဋ္ဌ ဆန္ဒရှိနေ
ယွန်း (NP News) - မေ ၁၁
မြန်မာနိုင်ငံနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပါအဝင် ကဏ္ဍ(၃)ခုတွင် ပူးပေါင်းဆောင်ရွက်ရန် CECCM ဥက္ကဋ္ဌမှ ဆိုသည်။
China Enterprises Chamber of Commerce in Myanmar (CECCM) ဥက္ကဋ္ဌအသစ်ဖြစ်သူ Mr. Liu Ming က ပြီးခဲ့သည့် ရက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
“CECCM နှင့် အသင်းချုပ်တို့မှတဆင့် တရုတ်-မြန်မာကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ပိုမိုဖော်ဆောင်ရန် နှင့် တရုတ်- မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် ပံ့ပိုးကူညီမှုများပိုမိုပြုလုပ်နိုင်မည်ဟုမျှော်လင့်ပါကြောင်း” Mr. Liu Ming က ဆိုသည်။
ထို့ပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပါအဝင် သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍများကိုလည်း မြန်မာ- တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန်လည်း Mr. Liu Ming က တိုက်တွန်းပြောဆိုခဲ့သည်။
အလားတူ အထည်ချုပ်လုပ်ငန်း ၊ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ယွမ်-ကျပ်ဖြင့် ငွေပေးချေမှုကို ချောမွေ့စေရေးအတွက်လည်း ထည့် သွင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာထွက်ကုန်များ တရုတ်ပြည်တွင် စျေးကွက်ရရှိရေးအတွက် ကူညီပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။
CECCM အသင်းသည် (၂ဝ၁၇) ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အသင်းအောက်တွင် အသင်းခွဲပေါင်း(၇)ခု ရှိရာ အထည်ချုပ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး၊ အိမ်ခြံမြေ၊ ဆက်သွယ်ရေးနှင့်နည်းပညာလုပ်ငန်း၊ ကန်ထရိုက်တာလုပ်ငန်း၊ ခရီးသွားလာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း ၊ လျှပ်စစ်လုပ်ငန်းတို့ကို ဆောင်ရွက်နေပြီး အသင်းဝင်အများစုသည် အထည်ချုပ်လုပ်ငန်းရှင်များ ဖြစ်ကြောင်းသိရသည်။
zawgyi version
ျမန္မာႏွင့္တ႐ုတ္ႏိုင္ငံၾကား လယ္ယာစိုက္ပ်ိဳးေရးက႑ အပါအဝင္ က႑(၃)ခုတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ CECCM ဥကၠ႒ ဆႏၵရွိေန
ယြန္း (NP News) - ေမ ၁၁
ျမန္မာႏိုင္ငံႏွင့္ လယ္ယာစိုက္ပ်ိဳးေရးက႑ အပါအဝင္ က႑(၃)ခုတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ CECCM ဥကၠ႒မွ ဆိုသည္။
China Enterprises Chamber of Commerce in Myanmar (CECCM) ဥကၠ႒အသစ္ျဖစ္သူ Mr. Liu Ming က ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ားႏွင့္ လာေရာက္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။
“CECCM ႏွင့္ အသင္းခ်ဳပ္တို႔မွတဆင့္ တ႐ုတ္-ျမန္မာကုမၸဏီမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈ အလားအလာမ်ားကို ပိုမိုေဖာ္ေဆာင္ရန္ ႏွင့္ တ႐ုတ္- ျမန္မာႏွစ္ႏိုင္ငံ ကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္အတြက္ ပံ့ပိုးကူညီမႈမ်ားပိုမိုျပဳလုပ္ႏိုင္မည္ဟုေမွ်ာ္လင့္ပါေၾကာင္း” Mr. Liu Ming က ဆိုသည္။
ထို႔ျပင္ လယ္ယာစိုက္ပ်ိဳးေရးက႑ အပါအဝင္ သယ္ယူပို႔ေဆာင္ေရးႏွင့္ စြမ္းအင္က႑မ်ားကိုလည္း ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္သြားရန္လည္း Mr. Liu Ming က တိုက္တြန္းေျပာဆိုခဲ့သည္။
အလားတူ အထည္ခ်ဳပ္လုပ္ငန္း ၊ ကုန္ထုတ္လုပ္ငန္း၊ စက္မႈလုပ္ငန္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ကုန္သြယ္ေရးက႑မ်ားတြင္ ယြမ္-က်ပ္ျဖင့္ ေငြေပးေခ်မႈကို ေခ်ာေမြ႕ေစေရးအတြက္လည္း ထည့္ သြင္းေဆြးေႏြးခဲ့ၾကသည္။
ထို႔ျပင္ ျမန္မာထြက္ကုန္မ်ား တ႐ုတ္ျပည္တြင္ ေစ်းကြက္ရရွိေရးအတြက္ ကူညီေပးႏိုင္ေရးကိုလည္း ေဆြးေႏြးခဲ့သည္။
CECCM အသင္းသည္ (၂ဝ၁၇) ခုႏွစ္တြင္ တည္ေထာင္ခဲ့ၿပီး အသင္းေအာက္တြင္ အသင္းခြဲေပါင္း(၇)ခု ရွိရာ အထည္ခ်ဳပ္လုပ္ငန္း၊ လယ္ယာစိုက္ပ်ိဳးေရး၊ အိမ္ၿခံေျမ၊ ဆက္သြယ္ေရးႏွင့္နည္းပညာလုပ္ငန္း၊ ကန္ထ႐ိုက္တာလုပ္ငန္း၊ ခရီးသြားလာေရးႏွင့္ ဝန္ေဆာင္မႈလုပ္ငန္း ၊ လွ်ပ္စစ္လုပ္ငန္းတို႔ကို ေဆာင္႐ြက္ေနၿပီး အသင္းဝင္အမ်ားစုသည္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား ျဖစ္ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြိုဗိုလ်လုပွဲ၌ ထိုင်းအသင်းနှင့် ထိပ်တိုက်တွေ့နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း