ဆားဘီးယားသည် အီးယူထက် BRICS ကို ရွေးချယ်သင့်ကြောင်း ဒုတိယ၀န်ကြီးချုပ်ပြော
ALynn (NSS) - ဩဂုတ် ၁၃
ဆားဘီးယားသည် အီးယူထက် BRICS ကို ရွေးချယ်သင့်သည်ဟု ဒုတိယ၀န်ကြီးချုပ် Aleksandar Vulin က ရုရှားမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံမှခွဲထွက်ခဲ့သော အကြီးဆုံးသမ္မတနိုင်ငံဖြစ်သည့် ဆားဘီးယားသည် အီးယူအဖွဲ့ဝင်အဖြစ် ၂၀၀၉ ခုနှစ်တွင် လျှောက်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ မကြာသေးမီက အဆိုပါအဖွဲ့သည် ဆားဘီးယား၏ ခွဲထွက်ပြည်နယ် ကိုဆိုဗိုပြည်နယ်အား အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရန် စဉ်းစားခဲ့သည်။
“BRICS က ဆားဘီးယားကို ဘာတစ်ခုမှ မတောင်းဆိုဘဲ ကျွန်တော်တို့ လိုချင်တာထက် ပိုပေးတယ်။ အီးယူကတော့ ကျွန်တော်တို့ဆီက အရာအားလုံးကို တောင်းဆိုနေပြီး ဘာတွေ ကမ်းလှမ်းပေးမယ်ဆိုတာ မသေချာဘူး” ဟု Vulin က တနင်္လာနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် RIA Novosti သို့ ပြောကြားခဲ့သည်။ Vulin ၏အဆိုအရ ဆားဘီးယားနိုင်ငံသည် ရုရှားနိုင်ငံ Kazan ၌ အောက်တိုဘာလ နှောင်းပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားသည့် BRICS ထိပ်သီးအစည်းအဝေးသို့ တရားဝင်ဖိတ်ကြားမှုကို မျှော်လင့်နေသည်။
အီးယူမှ ကြီးမားသောဖိအားပေးမှုများရှိသော်လည်း ဆားဘီးယားသည် မော်စကိုအား အမေရိကန် နှင့် အီးယူ၏ပိတ်ဆို့အရေးယူမှုတွင်မပါဝင်ဘဲ ယူကရိန်းပဋိပက္ခတွင်ကြားနေရေး မူဝါဒကိုသာ ကျင့်သုံးကာ ရုရှားနှင့်အနောက်နိုင်ငံများအကြား ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ Vulin ၏ အဆိုအရ ဆားဘီးယားသမ္မတအနေဖြင့် “ရောင်စုံတော်လှန် ရေး” နှင့် လုပ်ကြံသတ်ဖြတ်ခြင်းအထိ အန္တရာယ်ကျရောက်စေခဲ့သည်။ “ယူကရိန်းအရေး ငြိမ်းချမ်းစွာဖြေရှင်းရေး တောင်းဆို တဲ့လူတိုင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံလာရတယ်” ဟု စလိုဗက်ကီးယား ၀န်ကြီးချုပ် Robert Fico နှင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တို့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများကို Vulin က ရည်ညွှန်းပြောဆိုခဲ့သည်။
ဆားဘီးယားသည် ငြိမ်းချမ်းရေးကို လိုလားပြီး ရုရှားကို ချေမှုန်းရန် ကြိုးပမ်းနေသည့် အီးယူနှင့် နေတိုးအဖွဲ့ဝင်များ၏ မဖြစ်နိုင်သော ရည်မှန်းချက်ကို သဘောမတူကြောင်း Vulin က ပြောကြား ခဲ့သည်။ Vulin သည် မေလကတည်းက ဒုတိယ၀န်ကြီးချုပ်ဖြစ်ခဲ့သည်။ ယင်းမတိုင်ခင် ၎င်းသည် လုံခြုံရေးထောက်လှမ်းရေးအေဂျင်စီ (BIA) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ်နိုဝင်ဘာလ အထိ လည်ပတ်ခဲ့သည်။ ဆက်တိုက်ထွက်ပေါ်နေသော ကောလဟာလများအရ အမေရိကန်၏ ဖိအားပေးမှုအောက်တွင် ၎င်းအား အတင်းအကျပ်ထုတ်ပယ်ရန် ခြိမ်းခြောက်ခံနေရသည်။ ယင်းမတိုင်မီက ဆားဘီးယား၏ ကာကွယ်ရေးဝန်ကြီး (၂၀၁၇-၂၀၂၀) နှင့် ပြည်တွင်းရေးရာဝန်ကြီး (၂၀၂၀-၂၀၂၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း