ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးကို ကြိုတင်သတိပေးချက်မရှိဘဲ ရက်ပိုင်းအတွင်း တိုက်ခိုက်ဖွယ်ရှိနေဟု အမေရိကန်သတင်းဌာနဖော်ပြ
ဂျန်ဇက် (NSS) - ဩဂုတ် ၁၂
လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း အစ္စရေးနိုင်ငံကို တိုက်ခိုက်လာဖွယ်ရှိနေကြောင်း အမေရိကန်အခြေစိုက် ဃြ သတင်းဌာနက ဖော်ပြထားသည်။
ဟစ်ဇ်ဘိုလာအုပ်စုသည် အစ္စရေး၏တိုက် ခိုက်မှုများကြောင့် ゞင်းတို့၏ စစ်ရေးခေါင်းဆောင်များ သေဆုံးခဲ့ခြင်းကို လက်တုံ့ပြန်ရန်အတွက် အစ္စရေး နိုင်ငံကို အီရန်နိုင်ငံထက်စောစီးစွာ တိုက်ခိုက်ဖွယ်ရှိ နေသည်ဟု ဖော်ပြထားသည်။ ဟစ်ဇ်ဘိုလာအုပ်စု နှင့်နီးစပ်သောသတင်းအရင်းမြစ်က ဟစ်ဇ်ဘိုလာ အုပ်စသည် အီရန်နိုင်ငံထက်စောစွာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန် စီစဉ်နေပြီး လာမည့်ရက်ပိုင်းအတွင်း တိုက်ခိုက်ဖွယ်ရှိနေကြောင်းပြောသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း ဟစ်ဇ်ဘိုလာအုပ်စု၏စစ်ရေး ခေါင်းဆောင်များသေဆုံးခြင်းအပြင် ဟားမတ်စ်လက် နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့ခြင်း ကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှု အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဟစ်ဇ်ဘိုလာသည် အစ္စရေးနိုင်ငံကို တိုက် ခိုက်ရာတွင် ကြိုတင်သတိပေးချက်မရှိသောပုံစံမျိုး ဖြင့်တိုက်ခိုက်ဖွယ်ရှိနေကြောင်း အဆိုပါအရင်းမြစ် ကပြောသည်။ အစ္စရေးအစိုးရက လက်ဘနွန် နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုသည် အစ္စရေး ပြည်သူများကိုထိခိုက်စေရန် တိုက်ခိုက်မည်ဆိုလျှင် အချိုးအစားမညီမျှသော ပုံစံမျိုးဖြင့် တိုက်ခိုက်သွား မည်ဖြစ်ကြောင်းသတိပေးထားသည်။ လက်ရှိအချိန် တွင် အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန်လိုလားနေသည့် အီရန်နိုင်ငံသည် ၄င်း၏အစီအစဉ်များကို ပြန် လည်စဉ်းစားဖွယ်ရှိနေကြောင်း ဏသူငအငခသ သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံကို မတိုက်ခိုက်ရန် အီရန်နိုင်ငံကိုသံတ မန်ရေး လမ်းကြောင်းများဖြင့် ချဉ်းကပ်စည်းရုံး ခဲ့ရာအီရန်ဘက်က ၄င်းတို့အစီအစဉ်များကို ပြန် လည်စဉ်းစားဖွယ်ရှိနေကြောင်းသိရသည်။ အီရန် သည် ၄င်းတို့နိုင်ငံအတွင်းတွင် ဟားမတ်စ် ခေါင်းဆောင်အသတ်ခံရမှုကို လက်တုံ့ပြန်ရန်အ တွက် အစ္စရေးနိုင်ငံကို ဩဂုတ် ၁၂ရက်နေ့တွင် တိုက်ခိုက်ဖွယ်ရှိနေသည်ဟု အစောပိုင်းကသတင်း များထွက်ပေါ်ခဲ့ဖူးသည်။
ဟစ်ဇ်ဘိုလာအုပ်စုသည် အစ္စရေးနှင့်ဟား မတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ပါလက်စတိုင်းလူမျိုးများကို အားပေးထောက်ခံမှုပြသမှုအဖြစ် အစ္စရေးနိုင်ငံဘက် ခြမ်းကို ရော့ကတ်ဒုံးကျည်များ၊ ဒရုန်းများဖြင့်တိုက် ခိုက်ခဲ့ရာ နှစ်နိုင်ငံကြားတင်းမာမှုများ ဖြစ်ပွားစေခဲ့ ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AA တပ်သားများက ချင်းတိုင်းရင်းသူများကို လိင်အဓမ္မပြုကျင့်သတ်ဖြတ်မှုများရှိနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း