ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆန္ဒပြပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ(၄) ရက်တစ်ရက်အတွင်း လူပေါင်း(၉ဝ)ကျော် သေဆုံး
ဂျန်ဇက် (NSS) - ဩဂုတ် ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတစ်ကျော့ပြန် ဆန္ဒပြပွဲများဖြစ်ပွားနေခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲအတွင်း အနည်းဆုံးလူပေါင်း (၉၁)ဦးသေဆုံးကာ လူရာချီ ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြအုပ်စုတွေကိုရော်ဘာကျည်ဆံတွေအသုံးပြုပစ်ခတ်ခဲ့သလို မျက်ရည်ယို ဗုံးတွေအသုံးပြုကာ ဖြိုခွင်းခဲ့ကြောင်းသိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့က သေဆုံးခဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး (၁၃)ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သြဂုတ်လ ၁၄ ရက်နေ့အတွင်းသေဆုံးခဲ့တဲ့ လူအရေအတွက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲသမိုင်းတစ်လျှောက် တစ်ရက်အတွင်း လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ရကြောင်းသိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အစိုးရအလုပ်တွေကို ခန့်ထားရမှာ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့သူတွေရဲ့မိသားစုဝင်တွေကို အဓိကဦးစားပေးနေခြင်းကို နှစ်သက်မှုမရှိတဲ့အတွက် ဇူလိုင်လတည်းက ဆန္ဒပြပွဲများစတင်ခဲ့ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သြဂုတ်လ ၄ ရက်နေ့မှာ လူပေါင်း (၉၀)ကျော်သေဆုံးစေခဲ့တဲ့ ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံတဝန်းမှာ ညမထွက်ရအမိန့်တွေကို ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါဆန္ဒပြပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ရှိတ်ဟာစီနာအတွက် ဝန်ကြီးချုပ်သက်တမ်း နှစ်ပေါင်း (၂၀)ကျော်အတွင်း အဆိုးရွားဆုံး စမ်းသပ်မှုဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကားလမ်းမပေါ်တွင်အရက်ထိုင်သောက်သည့် လူ(၃)ဦး ကားတိုက်ခံရ၍ တစ်ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ