ဆန္ဒပြပွဲတွေ ငြိမ်သက်သွားပြီးနောက် ကျောင်းသားခေါင်းဆောင် (၆)ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး
Pika (NSS) - ဩဂုတ် ၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလုပ်ခန့်အပ်ရေးနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာသော ဆန္ဒပြပွဲများကို ဦးဆောင်သည့် ကျောင်းသားခေါင်းဆောင်(၆)ဦးကို ရဲတပ်ဖွဲ့က ဩဂုတ်လ(၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်လက စတင်ဖြစ်ပွားခဲ့သော ကျောင်းသားများဦးဆောင် သည့် ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် အနည်းဆုံးလူ(၂၀၆)ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ဆေးရုံဒေတာအချက်အလက်များအရသိရသည်။လက်ထောက်ကော်မရှင်နာJunaed Alam Sarkar က 'ဆန္ဒပြပွဲတွေကိုဦးဆောင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် (၆) ဦးစလုံးကို ဩဂုတ်လ(၁)ရက်နေ့ မွန်းလွဲပိုင်းမှာ ၎င်းတို့ရဲ့မိသားစုတွေဆီ ပြန်လည်ပို့ ဆောင်ပြီးပါပြီ'ဟု ပြောဆိုခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံတစ် ဝှမ်းတွင် အင်တာနက်အသုံးပြုခွင့်ကို (၁၁) ရက်ကြာ ပိတ်ထားခဲ့သလို ညမထွက်ရအမိန့်ထုတ်ပြန်ကာ စစ် တပ်ကို ဖြန့်ကျက်ချထားခဲ့သော်လည်း နောက်ပိုင်းတွင်အဆိုပါအမိန့်များကို ပြန်လည်ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလုပ်အကိုင်များ၏(၉၃)ရာခိုင်နှုန်းကို အရည်အချင်း ပြည့်မှီသူများ အတွက် ဖွင့်လှစ်ပေးသင့်ကြောင်း အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ဆန္ဒပြပွဲများ ငြိမ်သက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဆန္ဒပြပွဲများအတွင်း လူပေါင်း(၁)သောင်းကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသ တွင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု များဖြစ်ပွားခဲ့သလို ဆန္ဒပြသည့်အဖွဲ့များက နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကို မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း လည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား နှင့် အနောက်အုပ်စုနိုင်ငံများကြား ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရန်သဘောတူ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ