ရုရှား နှင့် အနောက်အုပ်စုနိုင်ငံများကြား ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရန်သဘောတူ
ဂျန်ဇက် (NSS) - ဩဂုတ် ၂
ရုရှားနိုင်ငံ နှင့် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကြား ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် အမေရိကန်၊ ဂျာမနီ နိုင်ငံ အပါအဝင် အနောက်အုပ်စုနိုင်ငံများနှင့် အကျဉ်းသား များ အပြန်အလှန် ပြန်လည်လွှတ်ပေးရန် သဘောတူ ညီခဲ့ကြောင်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိ သူတစ်ဦးကပြောသည်။ အဆိုပါ သဘောတူညီမှုအရ ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံသား (၄)ဦးအပါ အဝင် အနောက်အုပ်စုနိုင်ငံများမှ အကျဉ်းသား (၂၄)ဦး ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံက ပြန်လွှတ်ပေးမည့် အမေရိကန်အကျဉ်းသားများ စာရင်း တွင် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးပါဝင်ခဲ့ပြီး အမေရိကန်အခြေစိုက်မီဒီယာသုံးခု၏ သတင်းထောက်၊ အယ်ဒီတာများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံက ဖမ်းဆီးထားသည့် ဂျာမနီအကျဉ်း သား အနည်းဆုံး (၁၂)ဦးခန့် မိခင်နိုင်ငံသို့ ပြန်ရဖွယ် ရှိနေပြီး ဂျာမနီနိုင်ငံတွင် ဖမ်ဆီးထားသည့် ရုရှားအကျဉ်းသား (၈)ဦးလည်း မိခင်နိုင်ငံသို့ ပြန်ရဖွယ် ရှိနေကြောင်း သိရသည်။
အဆိုပါအကျဉ်းသားများအပြန်အလှန်လဲ လှယ်မှုသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုနိုင်ငံကြား အကျဉ်းသားလဲလှယ်မှုအ တွက် တိုးတက်သောအရိပ်လက္ခာ ဖြစ်ကြောင်း သိရ သည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစစ်ပွဲ ဖြစ်လာခဲ့ ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများက ရုရှားနိုင်ငံ အပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုများချမှတ်ခဲ့ရာ ရုရှား နှင့် အနောက်အုပ်စုနိုင်ငံများကြား ဆက်ဆံရေး အေးစက်နေချိန်တွင် အကျဉ်းသားများအပြန်အလှန် လဲလှယ်မှု ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်သည် ၎င်းတို့ဖမ်းဆီး ထားသည့် အနောက်အုပ်စုနိုင်ငံများ၏ အကျဉ်းသား အနည်းဆုံး (၁၆)ဦးခန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံနှင့်အနောက်အုပ်စုနိုင်ငံများကြား အကျဉ်းသားများလဲလှယ်ခြင်းကို တူရကီနိုင်ငံတွင် ပြု လုပ်မည်ဖြစ်ပြီး ပြန်လွှတ်ပေးမည့်သူများသည် တူရ ကီနိုင်ငံမှတဆင့် မိခင်နိုင်ငံသို့ ပြန်ရဖွယ်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတအဖြစ်တာဝန်ယူနေချိန်တွင်း ကျန်းမာရေးမကောင်းပါက ရာထူးမှချက်ချင်းအနားယူမည်ဟု ဒေါ်နယ်ထရမ့် ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ