ကနေဒါ၊ ပြင်သစ်၊ နယူးဇီလန်တို့နဲ့ ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဖိလစ်ပိုင်အစိုးရမျက်စိကျနေ
Pika (NSS) - ဇူလိုင် ၂၂
ဖိလစ်ပိုင်နိုင်ငံဟာ ကနေဒါ၊ ပြင်သစ်၊ နယူးဇီလန်အပြင် အခြားနိုင်ငံတွေနဲ့ တပ်ဖွဲ့ဝင်တွေအပြန်အလှန်ထားရှိမယ့် သဘောတူညီချက်ကို ရယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro က ဇူလိုင်လ(၂၂)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီသဘောတူညီချက်ကို လာမယ့်၂၀၂၅ ခုနှစ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ၎င်းက ANC ပြောကြားခဲ့ပါတယ်။ အဲဒီသဘောတူညီချက်တွေဟာ ဖိလစ်ပိုင်နိုင်ငံတွင်းမှာ အခြားနိုင်ငံတွေရဲ့တပ်ဖွဲ့တွေကို ထားရှိပေးမှာဖြစ်ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုလုပ်ဆောင်နိုင်လိမ့်မယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။ ၎င်းက "ဒီသဘောတူညီချက်က ကာကွယ်ရေးမဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့နီးနေပါပြီ"လို့ ပြောဆိုခဲ့ပါ တယ်။ ဖိလစ်ပိုင်နဲ့ဂျပန်တို့ဟာ ၎င်းတို့ရဲ့နယ်မြေအတွင်းမှာ တပ်ဖွဲ့ဝင်တွေအပြန်အလှန် ဖြန့်ကျက်ထားရှိခွင့်ပေးမယ့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ဇူလိုင်လအစောပိုင်းက လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ကနေဒါ၊ ပြင်သစ် နဲ့ နယူးဇီလန်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေမိုင်(၂၀၀)သီးသန့်စီးပွားဇုန်အတွင်း ၎င်းရဲ့တောင်းဆိုမှုတွေကို ထောက်ခံကြောင်း ပြသခဲ့ကြတယ်လို့လည်း သိရပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေ အဓိကရှာဖွေပေးနေသူများထဲတွင်ပါဝင်သည့် တောင်သူများအနေဖြင့် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ