ထိုင်းဝန်ကြီးချုပ်ကို ရာထူးကထုတ်ပယ်ဖို့ စွဲချက်ကို လာမယ့်ရက်ပိုင်းအတွင်း စတင်ကြားနာစစ်ဆေးမယ်
ဂျန်ဇက် (NSS) - ဇွန် ၁၃
ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၎င်းတို့ဟာ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုတဲ့စွဲချက်တွေကိုလာမယ့်ရက်ပိုင်းအတွင်း ကြားနာစစ်ဆေးသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဟာအစိုးရအဖွဲ့ဝန်ကြီးတွေ ခန့်အပ်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် တိုင်ကြားခံရကြောင်း သိရပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆာရက်သာတာဗီဆင်ရဲ့အမှုကို လာမယ့်ဇွန်လ ၁၈ရက်နေ့မှာ ကြားနာစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းလွှတ်တော်အတွင်းရှိ စစ်တပ်ကခန့်အပ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၄၀)ဦးဟာ ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်ကိုရာထူးက ထုတ်ပယ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုတိုင်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ဇွန်လ ၁၈ရက်နေ့မှာ ရှေ့သို့ချီပါတီ ဖျက်သိမ်းဖို့ တိုင်ကြားချက်တွေကိုလည်း ကြားနာဖွယ်ရှိနေကြောင်းသိရပါတယ်။ အဆိုပါအမှုကိစ္စတွေဟာ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်မွေးခွေးတွေကို စားပစ်ခဲ့တဲ့ မိကျောင်းကို ဒေသခံတွေက စွပ်ပြုတ်လုပ်သောက်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ