ဂါဇာစစ်ပွဲ ၈ လကျော်အတွင်း ပါလက်စတိုင်းလူမျိုး ၃၇၀၀၀ ကျော် သေဆုံးခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဇွန် ၁ဝ
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲက အချိန် ၈ လကျော်ကြာမြင့်လာချိန်မှာ ပါလက်စတိုင်းလူမျိုး ၃၇ဝ၈၄ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအစိုးရတာဝန်ရှိသူများက ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲတွေဖြစ်လာခဲ့ပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ် ရာ al-Nuseirat အရပ်ဒေသရှိ ဒုက္ခသည်စခန်းကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၇၄ ဦး သေဆုံးခဲ့ပြီး လူပေါပင်း ၆၇ဝ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသမှာ ၈လကျော်အတွင်းလူပေါင်း ၈၄၄၉၄ ဦး ဒဏ်ရာရခဲ့ ကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်ကတော့ သေဆုံးသူများထဲမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်တွေလည်း ပါဝင်နေကြောင်း ပြောပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အစ္စရေးကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမယ့် အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ စီးပွားရေးဖိုရမ်အတွင်း အမေရိကန်ဒေါ်လာ ၇၁ ဘီလျံကျော်တန်ဖိုးရှိ စီးပွားရေးစာချုပ်တွေချုပ်ဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ