ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ စီးပွားရေးဖိုရမ်အတွင်း အမေရိကန်ဒေါ်လာ ၇၁ ဘီလျံကျော်တန်ဖိုးရှိ စီးပွားရေးစာချုပ်တွေချုပ်ဆို
ဂျန်ဇက် (NSS) - ဇွန် ၁ဝ
ရုရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာဘရက်မြို့မှာကျင်းပတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ်အတွင်း အမေရိကန်ဒေါ်လာ ၇၁ ဘီလျံတန်ဖိုးရှိ စီးပွားရေးစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ကြောင်း ရုရှားသမ္မတအကြံပေးက ထုတ်ဖော်ပြောခဲ့ပါတယ်။
အဆိုပါစီးပွားရေးဖိုရမ်ကို နိုင်ငံပေါင်း ၁၃၉ နိုင်ငံက ဧည့်သည်တော်ပေါင်း ၂၁၃၀၀ ဦးတက်ရောက်ခဲ့ပြီး စီးပွားရေး စာချုပ်ပေါင်း ၁၀၀၀ ကျော် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်ပြီး အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုခံရပေမယ့် ရုရှားနိုင်ငံရဲ့စီးပွားရေးက တိုးတက်ကောင်းမွန်နေဆဲဖြစ်ကြောင်း သိရပါတယ်။
၎င်းက အစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံတွေထဲက နိုင်ငံပေါင်း ၅၉ နိုင်ငံဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ ဦးဆောင်တဲ့ BRICS အဖွဲ့ကို ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိတဲ့အကြောင်းကို ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ ၎င်းက "ရုရှားနိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေရဲ့စုစုပေါင်းစီးပွားရေးဟာ ကမ္ဘာစီးပွားရေးရဲ့ ၄၅ ရာခိုင်နှုန်း နီးပါး ရှိနေပါတယ်" လို့ ပြောပါတယ်။ သုံးရက်ကြာကျင်းပတဲ့ စီးပွားရေးဖိုရမ်အတွင်း စီးပွားရေးနဲ့ပတ်သက်တဲ့ ပွဲပေါင်း ၄၀၀ ကျော် ကျင်းပခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် Light Truck ကားတစ်စီး မောင်းနှင်နေစဉ် ရုတ်တရက်မီးလောင်မှုဖြစ်ပွားကာ ကားတစ်စီးလုံးမီးလောင်ဆုံးရှုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ