တောင်ကိုရီးယားကိုသတိပေးတဲ့အနေနဲ့ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်းရာချီကို မြောက်ကိုရီးယားအစိုးရထပ်မံပေးပို့
Pika (NSS) - ဇွန် ၁၀
မြောက်ကိုရီးယားအစိုးရဟာ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ နောက်ထပ်မိုးပျံပူဖောင်းရာချီကို တောင်ကိုရီးယားနယ်စပ်အနီးကို ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇွန်လ(၁၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားဟာ စိတ်ပိုင်းဆိုင်ရာစစ်ပွဲကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် နောက်ထပ်လက်တုံ့ပြန်မှုတွေရှိလာမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးပြီးတဲ့နောက် ယခုလိုပေးပို့မှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
တောင်ကိုရီးယားမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားအစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေပါတဲ့ မိုးပျံပူဖောင်းတွေကို ပေးပို့ခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားအစိုးရဟာ စီးကရက်ဘူးတွေ၊ အိမ်သာသုံးစက္ကူတွေလိုမျိုး အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်းရာချီကို တောင်ကိုရီးယားဘက်ကို ပြန်လည်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ယခုလအတွင်း တောင်ကိုရီးယားအစိုးရဟာ နှစ်နိုင်ငံကြားချုပ်ဆိုထားတဲ့ ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို လုံးဝရပ်ဆိုင်းခဲ့ပြီး နယ်စပ်တစ်လျှောက်မှာ အသံချဲ့စက်နဲ့ဝါဒဖြန့်ချိမှုတွေကို ပြန်လည်စတင်ခဲ့တာဟာ အကျပ်အတည်းအသစ်တစ်ခုကို ဖန်တီးနေတာဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က သတိပေးပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေရဲ့ ဝါဒဖြန့်ချီရေးစာစောင်တွေကို စိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုအဖြစ် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ အသံချဲ့စက်တွေနဲ့ဝါဒဖြန့်ချိမှုတွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် မြောက်ကိုရီးယားဘက်က လက်တုံ့ပြန်မှုတွေ ရှိလာလိမ့်မယ်လို့ ကင်ယိုဂျုံက သတိပေးပြောဆိုခဲ့ပါတယ်။
ကင်ယိုဂျုံက 'နယ်စပ်တစ်လျှောက်မှာ ဝါဒဖြန့်ချိရေးလက်ကမ်းစာစောင်တွေပေးပို့မှုနဲ့ အသံချဲ့စက်တွေနဲ့ဝါဒဖြန့်ချိတာတွေကို တောင်ကိုရီးယားက ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ လက်တုံ့ပြန်မှုအသစ်တွေကို တွေ့မြင်ရပါလိမ့်မယ်"လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ ၈ လကျော်အတွင်း ပါလက်စတိုင်းလူမျိုး ၃၇၀၀၀ ကျော် သေဆုံးခဲ့ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ