ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုကို ကိုလံဘီယာအစိုးရ ရပ်ဆိုင်း
Pika (NSS) - ဇွန် ၉
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ထိုးစစ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ ကိုလံဘီယာအစိုးရ ဟာ အစ္စရေးကို ကျောက်မီးသွေးတင်ပို့မှုတွေ ဆိုင်းငံ့ထားမယ်လို့ ကိုလံဘီယာသမ္မတဂူစတာဗိုပက်ထရိုက ဇွန်လ (၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂူစတာဗိုပက်ထရိုက “ဂါဇာကမ်းမြောင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို မရပ်မချင်း အစ္စရေးကို ကျောက်မီးသွေးတင်ပို့မှုတွေ ဆိုင်းငံ့သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ကိုလံဘီယာနိုင်ငံရဲ့လုံခြုံရေးတပ်ဖွဲ့တွေအတွက် စစ်လက်နက်ပစ္စည်းတွေ အဓိကထောက်ပံ့တဲ့နိုင်ငံတွေထဲ က တစ်နိုင်ငံဖြစ်တဲ့အစ္စရေးက ထုတ်လုပ်ထားတဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေကိုလည်း ရပ်ဆိုင်းသွားမယ်လို့ ဂူစတာဗိုပက်ထရိုက ပြောကြားခဲ့ပါတယ်။
ကျောက်မီးသွေးတင်ပို့မှု တားမြစ်ချက်ဥပဒေဟာ ထုတ်ပြန်ပြီးနောက် (၅)ရက်အကြာမှာစတင် အသက်ဝင်မှာ ဖြစ်ပြီး တင်ပို့ခွင့်ပြုထားပြီးဖြစ်တဲ့ ကုန်ပစ္စည်းတွေအပေါ် သက်ရောက်မှုတွေရှိမှာ မဟုတ်ဘူးလို့ ကိုလံဘီယာ အစိုးရရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
၂ဝ၂၃ ခုနှစ် ဩဂုတ်လကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အစ္စရေးဆီကို အမေရိကန်ဒေါ်လာ (၃၇၅) သန်း တန်ဖိုးရှိ ကုန်ပစ္စည်းတွေ တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့မှုက ကျောက်မီးသွေးဖြစ်တယ်လို့ ကိုလံဘီယာအစိုးရက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ကာ ပါလက်စတိုင်းလူမျိုး(၃၆၀၀၀)ကျော် သေဆုံးထား တယ်လို့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားခရီးသွားတွေဆီက ကောက်ခံလေ့ရှိတဲ့ ခရီးသွားလာခကို လျှော့ချဖို့ ထိုင်းဝန်ကြီးချုပ် အတည်ပြု
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ