မြောက်ကိုရီးယားနဲ့ ရရှိထားတဲ့စစ်ရေးသဘောတူညီချက်တွေကို ဆိုင်းငံ့လိုက်ကြောင်း တောင်ကိုရီးယားအစိုးရပြော
ဂျန်ဇက် (NSS) - ဇွန် ၃
တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ တင်းမာမှုတွေကိုဖြေလျော့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂ဝ၁၈ ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ စစ်ရေးသဘောတူညီမှုစာချုပ်ကို ဆိုင်းငံဖွယ်ရှိနေကြောင်း၊ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကို အညစ်အကြေးတွေနဲ့ အမှိုက် တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေ ပစ်လွှတ်ခဲ့ရာ နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့လုပ်ရပ်တွေကို သတိပေးခဲ့ပြီး အဲဒီလုပ်ရပ်တွေ က ရန်စတဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ပြောဆိုချက်တွေကိုလည်း ငြင်းဆန်ပယ်ချခဲ့ ကြောင်း သိရပါတယ်။ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်တွေကို ဆိုင်းငံ့ဖို့ အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ပြောပါတယ်။
အဆိုပါစစ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တွေကို ဆိုင်းငံလိုက်မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံ အနေနဲ့ နယ်စပ်ဒေသမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့လမ်းကြောင်း ပွင့်သွားမှာဖြစ်ပါတယ်။ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီက ၎င်းတို့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ရန်စမှုတွေကို တုံ့ပြန်ဖို့ လိုအပ်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားဟာ နယ်စပ်ဒေသကနေပြီး မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းကို ဝါဒဖြန့်ချိရေးရည်ရွယ်ချက်နဲ့ လော်စပီကာတွေ အသံကုန် ဖွင့်လှစ်တာတွေရှိနေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ နိုင်ငံသားတွေကို ရည်ရွယ်ပြီး တောင်ကိုရီးယားစစ်တပ်က နယ်စပ်ဒေသမှာ ဆောင်ရွက်နေတဲ့ ဝါဒဖြန့်ချိရေးဆိုင်ရာ လုပ်ငန်းတွေကို စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရှိကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချသူ နှင့် ဝယ်ယူသူ (၄)ဦးကို နစကအစိုးရ ဖမ်းဆီးအရေးယူ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ