ထိုင်းနိုင်ငံရှိကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချသူ နှင့် ဝယ်ယူသူ (၄)ဦးကို နစကအစိုးရ ဖမ်းဆီးအရေးယူ
ယွန်း (NSS) - ဇွန် ၄
ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချသူ နှင့် ဝယ်ယူသူ ၄ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း နစကမှ ဇွန်လ(၃)ရက်နေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် အရောင်းအဝယ်ပြုလုပ်နေပြီး လူမှုကွန်ရက်မီဒီယာများမှဆွဲဆောင်စည်းရုံးရောင်းချခြင်းများ ဆောင်ရွက်မှုနေကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။ စုံစမ်းဖော်ထုတ်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၅၁) လမ်းအထက်၊ အမှတ်(၁၅၅/၁၅၇)၊ (၈)လွှာ၌ ရုံးခန်းဖွင့်လှစ်ထားသည့် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့(၂)ဦးသည် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချလျက်ရှိကြောင်းသိရပြီး လုံခြုံရေးအဖွဲ့အစည်းများမှ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်သူများအား ခေါ်ယူစစ်ဆေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်များအရ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် ထွက်ပြေးတိမ်ရှောင်နေသည့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားဝင်ရောင်းချရန် သက် ဆိုင်ရာသို့ သတင်းပေးပို့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ (၂)ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများကပေးချေသည့် မြန်မာကျပ်ငွေများကို လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ဟွန်ဒီလုပ်ငန်းများမှ ငွေကြေးများလွှဲပြောင်းပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင်ဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့(၃)ဦးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များ၌ တရားမဝင်ဖွင့်လှစ်ထားသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများမှတစ်ဆင့် တိုက်ခန်းဖိုးငွေကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့အားလည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်ငွေစာရင်းများ တရားမဝင်ဖွင့်လှစ်ထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ကို လည်းကောင်း၊ ပြည်ပနိုင်ငံတွင် တရားမဝင်တိုက်ခန်းဝယ်ယူထားသူများကို လည်းကောင်းစိစစ်၍ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်းမြို့ စည်ပင်သာယာပိုင် ကား(၃)စီးကို အကြမ်းဖက်အဖွဲ့က လက်နက်ပြလုယူခဲ့သည့်အပြင် ယာဉ်မောင်း(၂)ဦးကိုပါ ဖမ်းဆီးသွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း