မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကို အညစ်အကြေးတွေချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်နေတဲ့အတွက်တင်းမာမှုတွေဖြစ်ပေါ်
ဂျန်ဇက် (NSS) - ဇွန် ၁
မြောက်ကိုရီးယားနိုင်ငံက အမှိုက်တွေ၊ အညစ်ကြေးတွေကို မိုးပျံပူဖောင်းမှာ ချိတ်ဆွဲပြီးတောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကို လွှတ်တင်မှုကြောင့် တောင်ကိုရီးယားစစ်တပ်က စိတ်ဆိုးဒေါသဖြစ်နေကြောင်းသိရပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရဘက်က သတိပေးပြောဆိုခဲ့ကြောင်းသိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စွန့်ပစ်အညစ်အကြေးတွေ၊ အမှိုက်တွေကိုချိတ်ဆွဲထားတဲ့မိုးပျံပူးပေါင်းအလုံးရေ ၂၆၀ ကျော်ကို တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကို လွှတ်တင်ခဲ့ပြီး တောင်ကိုရီးယားကို အပြစ်ပေးတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားအစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေအတွက် တောင်ကိုရီးယားနိုင်ငံကိုလက်တုံ့ပြန်တာမျိုးဖြစ်ကြောင်း မြောက်ကိုရီးယားစစ်တပ်က ပြောဆိုထားပါတယ်။
တောင်ကိုရီးယားစစ်ဘက်တာဝန်ရှိသူတစ်ဦးကတော့ "မြောက်ကိုရီးယားစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြောက်ကိုရီးယားဟာ အညစ်အကြေးတွေချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေ ဆက်လက်လွှတ်တင်နေမယ်ဆိုရင် တုံ့ပြန်ရဖွယ်ရှိနေတယ်။တောင်ကိုရီးယားပြည်သူတွေအနေနဲ့လည်း မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းက လွှတ်တင်တဲ့ မိုးပျံပူဖောင်းတွေနဲ့ခပ်ဝေးဝေးနေဖို့ သတိပေးချင်ပါတယ်"လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အညစ်အကြေးတွေချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေကို လွှတ်တင်မှုတွေကို မေလ ၂၅ ရက်နေ့နောက်ပိုင်းတည်းက စတင်လွှတ်တင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် အစ္စရေးအစိုးရက ကမ်းလှမ်းချက်အသစ်တွေထပ်မံလုပ်ဆောင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ