မြန်မာ့အရေးနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများကို ရုရှားအစိုးရဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဧပြီ ၆
ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာ၊ အာဏာပိုင်နက် နှင့် လွတ်လပ်ရေးကိုအဓိက ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vasily Nebenzya ကထုတ်ဖော်ပြောဆိုလိုက်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး ဆွေး နွေးခဲ့ရာ ရုရှားသံအမတ်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက "ရုရှားနိုင်ငံဟာ မြန်မာအစိုးရနဲ့ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ပူးပေါင်းဆေင်ရွက်တာ၊ အပြုသဘောဆောင်တဲ့စေ့စပ်ဆွေးနွေးတာတွေလုပ်ဆောင်မယ်။ ရခိုင်ပြည်နယ် နဲ့ပတ်သက်ပြီး အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာရဲ့ကူညီထောက်ပံ့ပေးမှုတိုးမြှင့်လုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အနောက်အုပ်စု ရဲ့ ပထဝီနိုင်ငံရေး အစီစဉ်တွေထဲ ဦးစားပေးတာမျိုးမဟုတ်ဘဲ ဘက်လိုက်မှုမရှိတဲ့ ချဉ်းကပ်မှုလုပ်ဆောင်ရမယ်။"ဟု ပြောသည်။
အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံနှင့်ပတ် သက်ပြီး ၎င်းတို့၏ neo-colonial ရည်မှန်းချက်များရရှိစေရန်နှင့် အခြေအနေများမတည်ငြိမ်စေရန်အတွက် လက်နက်ကိုင်အုပ်စုများကို ကူညီထောက်ပံ့ပေးနေကြောင်းရုရှားသံအမတ်ကြီးက ထပ်မံပြောဆိုခဲ့သည်။ ၎င်းက "အနောက်အုပ်စုနိုင်ငံတွေဟာ သူတို့ရဲ့ neo-colonial ရည်မှန်းချက်တွေရယူနိုင်အောင်အစိုးရကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့သက်သေတွေရရှိထားပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ၎င်းတို့ရဲ့မဟာမိတ်နိုင်ငံတွေဟာ မြန်မာအစိုးရကို ဖိအာပေးဖို့တောင်းဆိုခဲ့တယ်။ အဲဒီလိုတောင်းဆိုခြင်းရဲ့နောက်ကွယ်မှာ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ မတည်ငြိမ်စေဖို့နဲ့ နေရပ်စွန့်ခွာသူတွေအခြေအနေတွေပိုမိုးဆိုးရွားလာအောင်လုပ်ဆောင်တာမျိုးဖြစ်တယ်။"ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရမှုကြောင့် မြဝတီမြို့တွင် ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်နေပြီး မြို့အခြေအနေမှာ တည်ငြိမ်လျက်ရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ