ပါလက်စတိုင်းလူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အစ္စရေးကို ဖိအားပေးရန် သမ္မတဂျိုးဘိုင်ဒန်ကို အမေရိကန်အရာရှိဟောင်းအများအပြား တိုက်တွန်း
Pika (NSS) - မတ် ၂၁
အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများ၏ အခြေခံလိုအပ်ချက် နှင့် နိုင်ငံသားအခွင့်အရေးတို့ကို ငြင်းပယ်မည်ဆိုပါက ဆိုးရွားသောအကျိုးဆက်များရှိလာနိုင်ကြောင်း သတိပေးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို အမေရိကန် အရာရှိဟောင်းများ၊ သံတမန်များနှင့် စစ်ဘက်ဆိုင်ရာအရာရှိဟောင်း (၇၀)ဦးနီးပါးက မတ်လ(၂၀)ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့က "အမေရိကန်နိုင်ငံအနေနဲ့ ဒီလိုလုပ်ရပ်တွေကို ဆန့်ကျင်ဖို့အတွက် အမေရိကန်ဥပဒေ၊မူဝါဒတို့နဲ့ကိုက်ညီတဲ့အကူအညီတွေ အစ္စရေးကို ပေးပို့တာအပေါ် ကန့်သတ်ပိတ်ပင်တာတွေ အပါအဝင် အခြားလုပ်ရပ်တွေကို အခိုင်အမာလုပ်ဆောင်ဖို့ ဆန္ဒရှိရပါမယ်” ဟု ရေးသားထားသည့်စာတစ်စောင်ကို ဂျိုးဘိုင်ဒန်ဆီပေးပို့ခဲ့ကြောင်း သိရသည်။
ဂျိုးဘိုင်ဒန်ကို တိုက်တွန်းခဲ့သူများထဲတွင် သံတမန်ဟောင်း တစ်ဒါဇင်ကျော်အပြင် သမ္မတဟောင်း ဘီလ်ကလင်တန်၏ အမျိုးသားလုံခြုံရေးအကြံပေး အန်သိုနီလိတ်ခ်အပါအဝင် အငြိမ်းစားယူထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ၊ ပင်တဂွန် စစ်ဌာနချုပ်အရာရှိဟောင်းများ၊ ထောက်လှမ်းရေးနှင့် အိမ်ဖြူတော် အရာရှိဟောင်းများလည်း ပါဝင်ကြောင်း သိရသည်။
အစ္စရေး-ဟားမက် စစ်ပွဲနှင့်ပတ်သက်ပြီး ဂါဇာကမ်းမြောင်ဒေသအပေါ် လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှုများကို စိတ်ပျက်မှုများ အမေရိကန်နိုင်ငံတွင် မြင့်တက်လာနေခြင်းအား အဆိုပါစာက ပြသခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ပြီး၊ အခြားလူ(၂၅၃)ဦးမှာ ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်းလည်း သိရသည်။ ထို့နောက် အစ္စရေးဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး (၃)သောင်းကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် ၎င်း၏စစ်ဆင်ရေးများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဆိုသည့် ပြောဆိုချက်များကို အစ္စရေးအစိုးရက ငြင်းဆန်ပယ်ချထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ဆီးရီးယားနှင့်ယှဉ်ပြိုင်ရန် မြန်မာအသင်း၏ အပြီးသတ်ကစားသမားစာရင်းတွင် အဓိကစားသမားများ ပါဝင်လာခြင်းမရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ