Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကိုင်ရိုတွင် အာရပ်ခေါင်းဆောင်များနှင့်တွေ့ဆုံရန် အရှေ့ အလယ်ပိုင်းခရီးစဉ်စတင်ခဲ့

ALynn (NSS) - မတ် ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ဂါဇာကမ်းမြောင်တွင် အစ္စရေးတို့ အပစ်အခတ်ရပ်စဲကြရန် မျှော်လင့်ချက်ဖြင့် မတ်လ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)က ဆော်ဒီအာရေဗျတွင် ဆွေးနွေးပွဲများကျင်းပနိုင်ရေး အရှ့အလယ်ပိုင်းခရီးစဉ်ကို စတင်ခဲ့သည်။ 


(ယနေ့) မတ်လ ၂၁ ရက် တွင် ဘလင်ကန်သည် အာရပ်နိုင်ငံခြားရေးဝန်ကြီးများ၊ ပါလက်စတိုင်းအကြီးတန်းအရာရှိတစ်ဦးတို့နှင့် ကိုင်ရိုတွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဘလင်ကန်သည် အစ္စရေးနှင့် ဟားမက်စ်တို့အကြား အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းနေစဉ်တွင်ပင် ဂါဇာကမ်းမြောင်၌ ငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခနှင့် ကြုံတွေ့နေကြရသည်။ 

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဖော် ပြထားသော်လည်း Reuters သတင်းဌာနမှ အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်များကို ကိုးကား၍ အာရပ်နိုင်ငံများက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နိုင်ငံရေးအဖြေတစ်ခုရရှိရေး အစီအစဉ်များကို တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး၊ အစ္စရေး ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ လွတ်မြောက်ရေး သဘောတူညီချက်ရရှိရန် ကြားဝင်ဖျန်ဖြေသူများဖြစ်သည့် ကာတာ၊ အီဂျစ်နှင့် အမေရိကန်တို့က အဆိုပါအစီအစဉ်များကို ခေတ္တဆိုင်းငံ့ထားခဲ့သည်။

ဆော်ဒီအာရေဗျသို့ ရောက်ရှိပြီးနောက် ဘလင်ကန်သည် ဆော်ဒီနိုင်ငံခြား ရေးဝန်ကြီး၊ မင်းသား Faisal bin Farhan နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိအာဏာရ အိမ်ရှေ့မင်းသား Mohammed bin Salman နှင့် တွေ့ဆုံဆွေးနွေးသွားရန်လည်း စီစဉ်ထားသည်။ ၎င်းတို့သံတမန်နှစ်ဦးသည် “ဂါဇာကမ်းမြောင်ရှိ အရပ်သားအားလုံးကို ကာကွယ်ရန်နှင့် လိုအပ်နေသူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ခြင်းတိုးမြှင့်ရန် အရေးတကြီးလိုအပ်ကြောင်း ဆွေးနွေးခဲ့သည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခုခရီးစဉ်သည် ဘလင်ကန်အတွက် အစ္စရေးစစ်ပွဲစတင်ခဲ့သည့် အောက်တို ဘာ ၇ ရက်မှစ၍ ၆ ကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။ ၎င်း၏ ခရီးစဉ်အတွင်း ဂါဇာကမ်းမြောင်ဒေသ၏ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗီယက်နမ်သမ္မတ ရာထူးမှနှုတ်ထွက်ခြင်းကြောင့် နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအပေါ် စိုးရိမ်မှုများ မြင့်မားလာ

RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved