ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ဆုံးဖြတ်ချက်မူကြမ်းအသစ်တစ်ခုထပ်မံတင်သွင်းခဲ့ကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၂၁
အမေရိကန်အစိုးရဟာ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ဆုံးဖြတ်ချက်မူကြမ်းအသစ်ကိုထပ်မံရေးဆွဲတင်ပြခဲ့ကြောင်းသိရပါတယ်။
အမေရိကန်အစိုးရက ထပ်မံရေးသားတင်ပြခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးဆိုတဲ့အချက်တွေလည်းပါဝင်နေကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က "ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးရေးဆိုတဲ့အချက်တွေ ပါဝင်နေပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ကူညီထောက်ခံပေးဖို့ မျှော်လင့်ပါတယ်"လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်မှာ လူပေါင်း ၁၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ် ကြောင်းသိရပါတယ်။ အစ္စရေးဟာ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေရာ လက်ရှိအချိန်မှာ နိုင်ငံတကာဖိအားတွေအောက် ရောက်ရှိခဲ့ပါတယ်။ အမေရိကန်ဟာ အစ္စရေးနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ဆုံးဖြတ်ချက်တိုင်းကို ဗီတိုအာဏာသုံး ငြင်းဆန်ပယ်ချခဲ့ပြီး စစ်ပွဲအဆုံးသတ်နိုင်ဖို့ အစ္စရေးကို ဖိအားပေးနေဆဲဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲက ငါးလကျော်ကြာမြင့်နေပြီး ပါလက်စတိုင်းလူမျိုး ၃၀၀၀၀ ကျော်သေဆုံးထားပါတယ်။ အမေရိကန်က အရပ်သားတွေသေဆုံးမှုလျော့နည်းအောင် တိုက်ခိုက်ဖို့ အစ္စရေးကိုတောင်းဆိုနေပေမယ့်အခြားတစ်ဖက်မှာ စစ်လက်နက်ပစ္စည်းတွေကူညီပေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကိုင်ရိုတွင် အာရပ်ခေါင်းဆောင်များနှင့်တွေ့ဆုံရန် အရှေ့ အလယ်ပိုင်းခရီးစဉ်စတင်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ