စင်ပြိုင်စစ်တပ်ဖြစ်သည့် RSF ထံမှ နိုင်ငံတော်ပိုင် အမျိုးသားရုပ်သံဌာနချုပ်ကို ဆူဒန်အစိုးရစစ်တပ် ပြန်လည် ထိန်းချုပ်ထားနိုင်
ALynn (NSS) - မတ် ၁၃
ဆူဒန်အစိုးရစစ်တပ်သည် စင်ပြိုင်စစ်တပ်ဖြစ်သည့် RSF ထံမှ နိုင်ငံတော်ပိုင် အမျိုးသားရုပ်မြင် သံကြားဌာနချုပ်ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အစိုးရစစ်တပ်သည် Omdurman မြို့၊ ဌာနချုပ်ထဲရှိ တပ်သားများ၏ ဗီဒီယိုဖိုင်များကို အွန်လိုင်းတွင်တင်ကာ ၎င်းတို့ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း အတည် ပြုခဲ့သည်။
သို့သော် RSF ဘက်မှ မည်သည့် တုံ့ပြန်မှုမျှမရှိခဲ့ပေ။ အရပ်သားအုပ်ချုပ်ရေးဆီ ကူးပြောင်းရန် စီစဉ်နေခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလလယ်မှစ၍ ပဋိပက္ခများပြန်လည်တင်းမာလာခဲ့သည်။ ဆူဒန်၌ ၂၀၁၉ ခုနှစ်တွင် ခေါင်းဆောင် Omar al-Bashir ကို ဖြုတ်ချခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှုများ ဆောင်ရွက်ခဲ့သည်။
“လွန်ခဲ့သည့်ရက်သတ္တပတ်အနည်းငယ်လောက်ကတည်းက ဆူဒန်စစ်တပ်သည် RSF တို့ သိမ်းယူခဲ့သည့် နယ်မြေ များကို တဖြည်းဖြည်းပြန်လည်ရယူလာနိုင်ခဲ့ပြီး ယခုအခါ Omdurman မြို့ရှိ ရုပ်သံလွှင့်ဌာနအပြင် နေရာအများစု ကို ပြန်လည်ခြေကုပ်ရယူလာနိုင်ကြောင်း” Al Jazeera သတင်းထောက် Hiba Morgan က ဖော်ပြထားသည်။
ဆူဒန်စစ်ပွဲသည် မြို့တော်ကို ပျက်စီးဆုံးရှုံးစေပြီး ဒါဖာဒေသတွင် လူမျိုးရေးအရသတ်ဖြတ်ခြင်းများ များပြားလာ ကာ ရွှေ့ပြောင်းဒုက္ခသည် အများဆုံးပဋိပက္ခဖြစ်လာသည်။ ကုလသမဂ္ဂသည် မွတ်ဆလင်ဥပုသ်လအတွင်း အပစ် အခတ်ရပ်စဲကြရန် တိုက်တွန်းထားသော်လည်း အစိုးရစစ်တပ်က မြို့တော်ခါတွန်နှင့် အခြားနေရာများမှ RSF တပ်များ မဆုတ်ခွာမချင်းတိုက်ပွဲများကို ရပ်တန့်ဖို့ အစီအစဉ်မရှိကြောင်း ပြောထားသည်။ သို့ဖြစ်ပါ၍ ခါတွန် မြို့တော်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး နေရာအနှံ့အပြားတွင် မီးခိုးများပျံလွင့်ကာ ဗုံးသံ၊ အမြှောက်သံများအဆက်မပြတ်ကြားနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဏ္ဏားကျွန်းမြို့မှာ ၈ဝ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့သည့်အပြင် အဆိုပါမြို့နယ်တွင် စစ်ဘေးရှောင် ၇ဝဝဝ ကျော် အကူအညီ လိုအပ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ