အမေရိကန်သံတမန်များကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ရုရှားအစိုးရ သတိပေး
ဂျန်ဇက် (NSS) - မတ် ၈
ရုရှားနိုင်ငံ၏ ပြည်တွင်းရေးကိုကြားဝင်စွက်ဖက်ရန်ကြိုးပမ်းနေသော အမေရိကန်သံတမန်များကို နိုင်ငံအတွင်းမှ နှင်ထုတ်သွားဖွယ်ရှိနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနသည် မတ်လ ၇ ရက်တွင် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပြီး သတိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံအတွင်းရှိ အမေရိကန်အဖွဲ့အစည်းသုံးခုသည် ရုရှားနိုင်ငံကို ဆန့်ကျင်သောလုပ်ရပ်များ လုပ်ကိုင်နေပြီး ပညာရေး၊ ကျန်းမာရေးအစီစဉ်များနှင့်ပတ်သက်ပြီး ၎င်းတို့ သြဇာခံမည့် အေးဂျင့်အသစ်များ စုဆောင်းရန် ကြိုးပမ်းနေကြောင်း ပြောသည်။
ရုရှားနိုင်ငံအတွင်းရှိ အမေရိကန်အစိုးရကျောထောက်နောက်ခံပြုထားသော NGOs အဖွဲ့အစည်းများသည် ပညာရေး နှင့် ကျန်းမာရေးစီမံကိန်းများနှင့်ဆက်စပ်ပြီး ၎င်းတို့သြဇာခံမည့်လူများကို စုဆောင်းနိုင်ရန် လုပ်ကိုင်နေ ကြောင်း၊ ယင်းလုပ်ရပ်များကို လက်မခံနိုင်ကြောင်း ရုရှားအစိုးရက ပြောသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက "အမေရိကန်အဖွဲ့အစည်းတွေဟာ ရုရှားနိုင်ငံရဲ့အထူးစစ်ဆင်ရေးနဲ့ ရွေးကောက်ပွဲ တွေကို မမှန်သတင်းပျံ့နှံ့စေဖို့၊ ဖျက်ဆီးတဲ့လုပ်ရပ်တွေ အပါအဝင် ရုရှားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက် ဖို့ ကြိုးပမ်းနေတယ်။ အဲဒီအမေရိကန်အဖွဲ့အစည်းတွေဟာ အဲဒီလိုမျိုးတွေ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင်တော့ သံရုံးတာဝန်ရှိသူတွေကို နိုင်ငံအတွင်း ကနှင်ထုတ်သွားမယ်" ဟု ပြောသည်။
ရုရှားအစိုးရ၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတရာ တုံ့ပြန် ပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ရုရှားနှင့် အမေရိကန်တို့သည် သံတမန်များအပြန်အလှန် နှင်ထုတ်ခြင်း များရှိခဲ့ဖူးပြီး ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြားဆက်ဆံရေး အေးစက်လာခဲ့ ကြောင်း သိရသည်။
ရုရှားသည် ရုရှားလိုလားမှုမရှိသော အမေရိကန်အဖွဲ့စည်များကို နိုင်ငံအတွင်းရုံးခန်းဖွင့်ခွင့် မပေးသလို ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့်မပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ရုရှားဆန့်ကျင်သောအဖွဲ့အစည်းများကို အမည်စာရင်းသတ်မှတ်ထားပြီး နိုင်ငံအတွင်း လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ လုပ်ငန်း လုပ်ကိုင်ခြင်းများကို ဆိုင်ငံ့ပိတ်ပင်ခြင်းများလုပ်ကိုင်နေကြောင်း ရုရှားတရားရေးဝန်ကြီးဌာနက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝဝ၃ မော်ဒယ်အောက်တွေ CNG ပြောင်းရမည်ဟု သတင်းများ ထွက်ပေါ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း