တာမွေမြို့နယ်တွင် ဈေးကြိုကားတစ်စီးတိမ်းမှောက်ရာ (၉)ဦးထိ ခိုက်ဒဏ်ရာရရှိ
စော (NP News) - မတ် ၂၈
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေဂုံးတံတားအောက်တွင် ဈေးကြိုကားတစ်စီးတိမ်းမှောက်၍ လူ(၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၈ ရက်)၊ နံနက် (၄)နာရီခွဲအချိန်တွင် တာမွေဂုံးတံတားအောက်ရှိ Ocean ဈေးဝယ်စင်တာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။
“ကျွန်တော်တို့သွားတဲ့အချိန်မှာတော့ အဲဒီကားက တစ်စီးထဲရှိပါတယ်။ ကျွန်တော်တို့အမြင်ကတော့အခြားကားတစ်စီးက သူ့ကို တိုက်လိုက်တာပါ။ တိုက်တဲ့ကားက ထွက်ပြေးသွားတဲ့သဘောမျိုး။ (၁ဝ)ယောက်ကျော်ကျော်(၁၂)ယောက်လောက်ပါတာ။(၉) ယောက်ထိတာ”ဟု ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းမှ NP News ကိုပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၉)ဦးအနက် (၅)ဦးသည် စိုးရိမ်ရအခြေအနေတွင် ရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
zawgyi verison
စော (NP News) - မတ် ၂၈
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုလုပ်ငန်းများအား ဧပြီလကုန်အထိ ဓာတ်အားကန့်သတ်မည်ဟု YESC အသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း