Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
PDF အဖွဲ့ကကျောင်းသားမိဘအယောင်ဆောင်၍ လုံခြုံရေးအဖွဲ့ဝင် (၂)ဦးကို ပစ်ခတ်သတ်ဖြတ်မှု မုံရွာမြို့၌ဖြစ်ပွား

NSS - ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် PDF အဖွဲ့က ကျောင်းသားမိဘအယောင် ဆောင်၍ ကျောင်းဝင်းအတွင်းရှိ လုံခြုံရေးအဖွဲ့ဝင်(၂)ဦးကို ပစ်ခတ် သတ် ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သော မုံရွာမြို့ခံထံမှ သိရသည်။ အဆိုပါအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတန်း တင်စာမေးပွဲလာရောက်ဖြေဆိုနေသည့် ကာလဖြစ်ကြောင်းလည်း သိရသည်။

"ကျောင်းမှာ လုံခြုံရေးယူထားတဲ့ အရာခံ ဗိုလ်(၂)ယောက်အပစ်ခံရတာပေါ့။ ကျောင်းသားမိဘအယောင်ဆောင်ပြီးဝင်ပစ်သွားတာပါ။ လာတာက HONDA FIT ကားနဲ့လာတာ။ ကားပေါ်မှာ အသင့်စောင့်နေတာက (၃) ယောက်ပါတယ်။ တစ်ယောက်က ကျောင်းသားဘေးမှာ ကပ်လိုက်လာပြီး ခါးက ပစ္စတိုကိုထုတ်ပြီးတေ့ပစ်သွားတာ။ အမျိုးသားတွေချည်းပါပဲ"ဟု အထက်ပါမုံရွာမြို့ခံက NSS ကို ပြောသည်။

ထိုသို့ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် အသက်(၄၀) ကျော်ဝန်းကျင် လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦးတွင် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာ (၁)ချက်စီဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

"အပစ်ခံရတာက တစ်ချက်စီအပစ်ခံရတာ။ ရင်ဘက်ကိုတေ့ပစ်တာပေါ့။ တစ်ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးတယ်။ ကျန်တဲ့ တစ်ယောက်က တော့ ဆေးရုံမှာ ဆုံးသွားတာပါ။ ပစ်ပြီးတာနဲ့ တန်း မောင်းပြေးသွားတာပါ။ မောင်းပြေးသွားတာကလည်း မြို့သစ်ဘက်ကို မောင်းပြေးသွားတယ်"ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့ကြောင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ "ဒီလိုတွေဖြစ်နေတော့ ကလေးတွေအတွက်လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ရတာပေါ့။ ဒီလိုမျိုးဖြစ်စဉ်တွေက မုံရွာမှာအများကြီး ဖြစ်နေတာ။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးရင်တော့ စာမေးပွဲ ရက်လည်းဖြစ်နေတော့ ကျောင်းတွေကိုလုံခြုံရေး တိုးမြှင့်ပေးစေချင်တာပေါ့"ဟု ၎င်းက အကြံပြုပြော ဆိုထားသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင်လည်း မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ကို PDF ပူး ပေါင်းအဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Transformers ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းပေါင်း (၁)သောင်းကျော်စုဆောင်းကာ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့သည့် အမေရိကန်နိုင်ငံသား

RELATED POSTS
RECENT POSTS
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved