ECOWAS အဖွဲ့က နိုင်ဂျာနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၂၅
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းကော်မရှင် (ECOWAS) သည် ပြီးခဲ့သည့် နှစ်က စစ်အာဏာသိမ်းမှုကြောင့် ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သော နိုင်ဂျာနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက် (စနေနေ့)က ဖော်ပြခဲ့သည်။
ယင်းဖြေလျှော့ပေးသောပိတ်ဆို့မှုများတွင် မပျံသန်းရဇုန်အဖြစ်သတ်မှတ်ထားခြင်းနှင့် နယ်စပ်များ ပိတ်ဆို့ထားခြင်းတို့ပါဝင်သည်။ အရေးယူမှုများကို ဖြေလျှော့ပေးခြင်းသည် နိုင်ငံတွင်း ကြုံတွေ့နေရသော အကြပ်အတည်းများကို လျော့ပါးစေရန်အတွက်ဖြစ်ကြောင်း ECOWAS ဥက္ကဋ္ဌက ပြောသည်။ ဖေဖော်ဝါရီလ ၂၄ ရက်ကကျင်းပခဲ့သော ECOWAS ၏ အထူးအစည်းအဝေးသည် ဒေသတွင်းရှိ ခြိမ်းခြောက်မှုများကို အဖြေရှာရန်နှင့် ECOWAS အဖွဲ့မှ နှုတ်ထွက်ရန် ဆုံးဖြတ်ထား သည့် နိုင်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုနိုင်ငံတို့အား ဖျောင်းဖျရန်ရည်ရွယ်သည်။
ECOWAS သည် အဆိုပါသုံးနိုင်ငံအား အာဏာသိမ်းမှုများအပြီးတွင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခဲ့သည်။ ECOWAS က နိုင်ဂျာအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုအများအပြားကို ဖြေလျော့ပေးလိုက်သော်လည်း အချို့သောနိုင်ငံရေးပိတ်ဆို့မှုများကိုမူ ဆက်လက်ထားရှိသွားဦးမည် ဖြစ်ကြောင်းသိရသည်။ ECOWAS အဖွဲ့က နိုင်ဂျာသမ္မတ Mohamed Bazoum နှင့် ၎င်း၏ မိသားစုကို ပြန်လွှတ်ပေးစေလိုသည်။ ထို့ပြင် ၎င်း၏ ရှေ့နေများက သမ္မတပြန်လည် လွတ်မြောက်ရန် ECOWAS အဖွဲ့ထံတောင်းဆိုခဲ့ကြသည်။
အရေးယူမှုများကို ဖြေလျှော့ပေးခြင်းသည် အဖွဲ့မှနှုတ်ထွက်ရန်ကြိုးပမ်းနေသည့် သုံးနိုင်ငံအား နှစ်သိမ့်သည့်သဘောဖြစ်ပြီး ၎င်းတို့၏နှုတ်ထွက်ခြင်းသည် ဒေသတွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားစေသလို နှစ်စဉ် ဒေါ်လာ ၁၅၀ ဘီလျံခန့် အကျိုးအမြတ်ရနေသည့် အဖွဲ့ကြီး၏ ကုန်သွယ်စီးဆင်းမှုကိုပါ ရှုပ်ထွေးစေမည်ဖြစ်သည်။ မာလီ၊ ဘာကီနာဖာဆိုနှင့် နိုင်ဂျာတို့က ECOWAS မှနှုတ်ထွက်ပြီး “ဆာဟယ်နိုင်ငံများမဟာမိတ်” အဖြစ်ဖွဲ့စည်းတည်ထောင်ရန် ကြိုးပမ်းမှုသည် ECOWAS အဖွဲ့ကြီးအား တုန်လှုပ်သွားစေကြောင်း Aljazeera သတင်းထောက် Idris က ဖော်ပြခဲ့သည်။ ECOWAS အဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံများ တဖြည်းဖြည်းလျော့နည်းလာပြီး ပြိုကွဲ သွားမည့် အလားအလာများရှိနေကြောင်းနှင့် ၎င်းမှာ ဒေသတွင်းရှိ အာဏာသိမ်းမှုများ ပျံ့နှံလာခြင်း၏ အကျိုးဆက်ဖြစ်ကြောင်းကိုလည်း ၎င်းက ထပ်လောင်းဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာထူးက အနားယူပြီးနောက် တစ်နှစ်မပြည့်ခင်မှာပဲ နိုင်ငံရေးလောကကို တစ်ကျော့ပြန်ဝင်လာမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ