၂ဝ၂၈ ခုနှစ်တွင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးက G7 အဖွဲ့ဝင်နိုင်ငံများကို ကျော်တက်သွားလိမ့်မည်ဖြစ်ကြောင်း (NDB) ဘဏ်အကြီးအကဲပြော
Pika (NSS) - ဖေဖော်ဝါရီ ၁၅
ကမ္ဘာလုံးဆိုင်ရာ GDP တွင် ရှယ်ယာပါဝင်မှုများအရ လာမည့်(၄)နှစ်အတွင်း BRICS အဖွဲ့ဝင်နိုင်ငံများသည် G7 အဖွဲ့ဝင်နိုင်ငံများကို ကျော်တက်သွားလိမ့်မည်ဖြစ်ကြောင်း New Development Bank (NDB) ၏ အကြီးအကဲ Dilma Rousseff က ထုတ်ဖော်ပြောခဲ့သည်။
နောက်ထပ်အဖွဲ့ဝင်သစ်များ ထပ်တိုးလာမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် BRICS အဖွဲ့၏ ရှယ်ယာများ သည် လက်ရှိအချိန်တွင်(၃၅)ရာခိုင်နှုန်းသာရှိသော်လည်း ၂ဝ၂၈ ခုနှစ်တွင် (၄ဝ)ရာခိုင်နှုန်းအထိ မြင့်တက်လာလိမ့် မည်ဖြစ်ပြီး G7 အဖွဲ့ဝင်နိုင်ငံများ၏ ရှယ်ယာများသည် (၂၇ ဒသမ ၈) ရာခိုင်နှုန်းသို့ ကျဆင်းသွားလိမ့်မည်ဖြစ် ကြောင်း Dilma Rousseff က ပြောခဲ့သည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ရှယ်ယာသည် ၂ဝ၁၆ ခုနှစ်တွင် (၃၇) ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂ဝ၂၂ ခုနှစ်တွင် (၄၁)ရာခိုင်နှုန်းထိ ရှိလာခဲ့ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် G7 အဖွဲ့ဝင်နိုင်ငံများ၏ ရှယ်ယာများသည် (၆၂)ရာခိုင်နှုန်းမှ (၅၈)ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက တို့ပါဝင်သော BRICS အဖွဲ့သည် ယခုနှစ် ဇန်နဝါရီလတွင် ဆော်ဒီအာရေးဗျ၊ အီရန်၊ အီသီယိုးပီးယား၊ အီဂျစ် နှင့် ယူအေအီးတို့ကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံပေးခြင်းဖြင့် အစုအဖွဲ့အင်အားကို ပိုမိုချဲ့ထွင်လာပြီဖြစ်ကြောင်း သိရသည်။
နောက်ထပ်အဖွဲ့ဝင်နိုင်ငံ(၅)နိုင်ငံ တိုးလာမှုနှင့်အတူ BRICS အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းထုတ်လုပ်မှု၏ (၄ဝ)ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ဖွယ်ရှိနေပြီး အစုအဖွဲ့၏လူဦးရေသည် (၃ ဒသမ ၆) ဘီလျံနီးပါးရှိလာမည်ဖြစ်ကာ ကမ္ဘာပေါ်ရှိ လူဦးရေ စုစုပေါင်း၏ ထက်ဝက်နီးပါးရှိလာမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း