အရပ်သားအားလုံးတိုက်ပွဲဇုန်အတွင်းကထွက်သွားချိန်မှာ ရာဖယ်မြို့ကို အင်အားအပြည့်နဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၅
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဂါဇာဒေသ ရာဖယ်မြို့ထဲက အရပ်သားတွေကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးပြီးချိန်မှာ ရာဖယ်မြို့ကို အင်အားအပြည့်နဲ့တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
ဂါဇာဒေသတောင်ပိုင်းမြို့ဖြစ်တဲ့ ရာဖယ်မြို့အတွင်း နေထိုင်နေသူတွေကို မြို့အတွင်းက ထွက်ခွာဖို့ ခွင့်ပြုပေးထား ကြောင်း၊ မကြာခင် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ကြောင်း နေတန်ရာဟု က ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "တိုက်ပွဲဇုန်ထဲကနေ အရပ်သားတွေ အားလုံးထွက်သွားချိန်မှာ ရာဖယ်မြို့ကို အင်အား အပြည့်နဲ့ အပြီးသတ်နိုင်ပွဲရချိန်အထိ တိုက်ခိုက်သွားမယ်" လို့ ပြောပါတယ်။
ပြန်ပေးဆွဲခံထားရသူအားလုံး ပြန်လွတ်မြောက်ရေးအတွက်စစ်ရေးဖိအားပေးမှုများ ထပ်မံလုပ်ဆောင်ရမှာဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် က ပြောပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂ဝဝ ကျော်ကို ပြန်ပေးဆွဲခဲ့ရာ လက်ရှိအချိန်မှာ လူပေါင်း ၁၃ဝ ကျော် ပြန်ပေးဆွဲခံထားရဆဲဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းမှုများကို ငြင်းဆန်ထားပြီး စစ်ပွဲကို အဆုံးအထိ ဆက်တိုက်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုများကြောင့် ဂါဇာ ဒေသမှာ လူပေါင်း ၃ သောင်းနီးပါး သေဆုံးထားပြီး လူသားချင်းဆိုင်ရာစာနာမှု အကူအညီလိုအပ်ချက်များ ပိုမို မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ လက်ရှိအချိန်မှာ ဘယ်သူပြောစကား ကိုမှ နားမထောင်ဘူးဆိုတဲ့ ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လျက်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးဖိုချောင်သုံးဂတ်စ် အပါအဝင် ထိုင်းကုန်စည်များ ဈေးအနည်းငယ်ပြန်ကျလာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ