ဘီးလင်း-ကျိုက်ကော်သွားကားလမ်းတွင် တွဲကား နှင့် Probox ကားတို့ တိုက်မိခဲ့ရာ လူ(၆)ဦးပွဲချင်းပြီး သေဆုံးကြောင်း ကနဦးသိရ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ်၊ ကျိုက်ကော်မြို့နယ် ဘီးလင်း-ကျိုက်ကော်သွားကားလမ်းတွင် တွဲကား နှင့် Probox ကားတို့ တိုက်မိခဲ့ရာ လူ(၆)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မိုးကောင်းကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းထံမှ ကနဦး သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်)၊ နံနက် ၁၁နာရီဝန်းကျင်အချိန်တွင် ကျိုက်ကော်မြို့နယ်၊ ဘီးလင်း-ကျိုက်ကော်သွား ကားလမ်း၊ မိုင် တိုင်အမှတ်(၁၃၄)မိုင်၊ ၇ဖာလုံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လိုကြောင့် တိုက်မိလည်းတော့မသိသေးဘူး။ တိုက်တာက တွဲကားနဲ့ Probox ကားတိုက်မိတာပေါ့။ Probox ကားက မိသားစုကားလို့ယူဆရတယ်”ဟု မိုးကောင်းကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Probox ကားပေါ်တွင် လိုက်ပါလာသည့် အမျိုသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦးစလုံးသည် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားထဲမှာက လူ(၆)ဦးပါတယ်။ အသက်(၃၀)ကျော်နဲ့ (၅၀)ကျော်တွေပါ။ (၆)ဦးလုံး ဆုံးသွားတယ်။ ကားထဲကနေ ထုတ်လို့ရတာက (၂)လောင်းပါ။ ခုချိန်ထိ ညပ်နေတာက (၄)လောင်းကျန်သေးတယ်။ ညပ်နေတာဆိုတော့ ကရိန်းကားနဲ့ ဆွဲထုတ်ရမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသူအလောင်း(၂)လောင်းအား ကျိုက်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ကျန်ရှိနေသူများအား မီးသတ်တပ်ဖွဲ့ နှင့် ပရဟိတအသင်းများပူးပေါင်းကာ ကူညီကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်)၊ ညနေပိုင်း ထပ်မံသိရှိရသည့် အချက်အလက်များအရ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ (၇)ဦးအထိရှိလာကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရပ်သားအားလုံးတိုက်ပွဲဇုန်အတွင်းကထွက်သွားချိန်မှာ ရာဖယ်မြို့ကို အင်အားအပြည့်နဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း