ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဆောင်ရန် အလားအလာများမရှိကြောင်း ရုရှားအစိုးရပြော
Pika (NSS) - ဖေဖော်ဝါရီ ၁၅
ယူကရိန်းပဋိပက္ခကို လက်တွေ့ကျသော သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် အနောက်အုပ်စုနိုင်ငံများက ကမ်းလှမ်းလိမ့်မည်မဟုတ်ကြောင်း နှင့် အမေရိကန်နှင့်၎င်း၏မိတ်ဖက်နိုင်ငံများသည် လက်ရှိဖြစ်ပွားနေသောပဋိပက္ခတွင် ရုရှားနိုင်ငံ ရှုံးနိမ့်စေရန် ရည်ရွယ်ထားသေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ သည်။
ထို့အပြင် ရုရှားနိုင်ငံသည် ပိုမိုကောင်းမွန်သောအနာဂတ်အတွက် တိုက်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်မှုများရှိနေပြီး အနောက်အုပ်စုနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုစနစ်သည် ဝင်ရိုးစုံကမ္ဘာဆီသို့ ရောက်ရှိရန် လမ်းကြောင်းပေးနေကြောင်း ဆာဂေးလာရော့ဗ်ကပြောကြားခဲ့သည်။
သို့သော်လည်း ယူကရိန်းပဋိပက္ခဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးသည့် မည်သည့်နိုင်ငံနှင့်မဆို ပေါင်းစပ်စစ်ပွဲဆင်နွှဲရန် အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက ကတိပြုထားကြောင်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။
စစ်မြေပြင်တွင် ရုရှား၏ အောင်မြင်မှုများကြောင့် အနောက်အုပ်စုနိုင်ငံများ၏ လုပ်ဆောင်မှုများတွင် အပြောင်း အလဲများဖြစ်ပေါ်နေပြီး ရုရှားနိုင်ငံ၏ အောင်ပွဲကိုတားဆီးရန် အာရုံစိုက်လုပ်ဆောင်နေကြကြောင်း ဆာဂေးလာရော့ဗ်က ထပ်မံပြောခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံကို ပျက်စီးအောင်လုပ်ဆောင်လိုသော အနောက်အုပ်စုနိုင်ငံများ၏ အဓိကမူဝါဒမှာ ဆက်လက် တူညီနေဆဲဖြစ်ကြောင်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။ ဆာဂေးလာရော့ဗ်က "လေးနက်တဲ့အဆိုပြုချက် တွေကို မကမ်းလှမ်းဘဲ ကျွန်တော်တို့ကို စစ်ကြေညာတဲ့လူတွေဟာ ကျွန်တော်တို့ရဲ့အကျိုးစီးပွားကိုနှင့် မြေပြင်မှာ ဖြစ်ပွားနေတဲ့အမှန်တရားတွေကို လေးစားလိုက်နာဖို့ဆန္ဒမရှိဘူးဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူညီ ချက်တစ်ခုရရှိဖို့က လုံးဝမဖြစ်နိုင်ပါဘူး။အနောက်အုပ်စုနိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးမှုတွေကို ဆက်လက်ရှာဖွေခြင်းဖြင့် ဒီပဋိပက္ခကို စတင်ခဲ့တာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးမှုသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုများကိုသာ ပိုမိုဖြစ်ပွားလာစေနိုင်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ် သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီးလင်း-ကျိုက်ကော်သွားကားလမ်းတွင် တွဲကား နှင့် Probox ကားတို့ တိုက်မိခဲ့ရာ လူ(၆)ဦးပွဲချင်းပြီး သေဆုံးကြောင်း ကနဦးသိရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ