ရုရှားစစ်သင်္ဘောတစ်စီးကို ဖျက်ဆီးကာ နစ်မြုပ်ပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ထုတ်ပြန်ပြောဆို
Pika (NSS) - ဖေဖော်ဝါရီ ၁၅
ယူကရိန်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ(၁၄)ရက်တွင် ခရိုင်းမီးယားကျွန်းဆွယ်ကမ်းလွန်ရှိ ရုရှားစစ်သင်္ဘောတစ်စီးကို ရေအောက်သုံးဒရုန်းများဖြင့် တိုက်ခိုက်ကာ ဖျက်ဆီးနစ်မြုပ်ပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအေဂျင်စီနှင့် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
သို့သော်လည်း ယူကရိန်းဖက်မှ ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး ရုရှားအစိုးရက လက်ရှိအချိန်အထိ မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ယူကရိန်းစစ်တပ်က"ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေနဲ့အတူ ရုရှားစစ်သင်္ဘောTsezar Kunikov ကို အောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ရုရှားသိမ်းယူထားတဲ့ Alupka မြို့အနီး ယူကရိန်းရေပိုင်နက်ထဲမှာ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
Alupka မြို့သည် ခရိုင်းမီးယားကျွန်းဆွယ် တောင်ဘက်အစွန်းရှိ Yalta မြို့နှင့် မနီးမဝေးတွင်တည်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ရုရှားတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရကြောင်းလည်းသိရသည်။ ရေအောက်သုံးဒရုန်း အများအပြားသည် ညအချိန်တွင် စစ်သင်္ဘောတစ်စီးဆီသို့ ဦးတည်သွားနေပြီး အနည်းဆုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်ကို ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့ကြောင်းလည်းသိရသည်။ဗီဒီယိုတွင်ပါဝင်သည့် အဆိုပါစစ်သင်္ဘော၏ ပင်မအင်တာနာတိုင်နှင့် ကုန်းပတ်များကို အခြေခံပြီး ရုရှားပင်လယ်နက်ရေယာဉ်စု၏ စစ်သင်္ဘောTsezar Kunikov ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။
သို့သော်လည်း ရိုက်ကူးခဲ့သည့်နေရာ နှင့် ရက်စွဲတို့ကို အတည်ပြုနိုင်ခြင်းမျိုး မရှိသေးကြောင်းလည်းသိရသည်။ ယူကရိန်းထောက်လှမ်းရေးအေဂျင်စီက "ရုရှားစစ်သင်္ဘော Tsezar Kunikov ဟာ ဘယ်ဖက်ခြမ်းမှာ ပြင်းထန်တဲ့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး နစ်မြုပ်သွားတာပါ"ဟု ပြောဆိုခဲ့သည်။ ရုရှားစစ်သင်္ဘော Tsezar Kunikov ပေါ်တွင် အမှုထမ်း(၈၇)ဦးရှိပြီး ဂျော်ဂျီယာ၊ ဆီးရီးယား နှင့် ယူကရိန်းစစ်ပွဲတို့တွင် ပါဝင်ခဲ့ဖူးသည့်စစ်သင်္ဘောတစ်စီးဖြစ်ကြောင်း ယူကရိန်းထောက် လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရောက်ပါလက်စတိုင်းတွေကို မိခင်နိုင်ငံကို ပြန်ပို့မယ့် အစီအစဉ်ကို (၁၈)လကြာ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်သမ္မတပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း