အမေရိကန်ရောက်ပါလက်စတိုင်းတွေကို မိခင်နိုင်ငံကို ပြန်ပို့မယ့် အစီအစဉ်ကို (၁၈)လကြာ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဂါဇာစစ်ပွဲဖြစ်ပွားနေချိန်အတွင်း အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ပါလက်စတိုင်းလူမျိုးတွေကို မိခင်နိုင်ငံကို ပြန်လွှတ်မယ့်အစီအစဉ်ကို (၁၈)လကြာဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရပါတယ်။
အဆိုပါအမိန့်ထုတ်ပြန်ချက်ကြောင့် အမေရိကန်နိုင်ငံအတွင်းရောက်ရှိနေတဲ့ ပါလက်စတိုင်းလူမျိုး (၆၀၀၀)ကျော်ဟာ မိခင်နိုင်ငံကို လတ်တလောပြန်ခွင့်ရမှာမဟုတ်တော့ကြောင်း သိရပါတယ်။ ပါလက်စတိုင်းလူမျိုးတွေနေထိုင်တဲ့ ဂါဇာဒေသကို အစ္စရေးနိုင်ငံက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုတွေမြင့်တက်လာနေကြောင်း သိရပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က "၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးကို ဟားမက်လက်နက်ကိုင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့တယ်။ အစ္စရေးကလည်းလက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်။ အခုဆိုရင် ဂါဇာဒေသမှာလူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူအရေအတွက်မြင့်တက်လာနေတယ်"လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံအတွင်းရှိ ပါလက်စတိုင်းတွေအတွက်တော့ ယာယီ အေးချမ်းအဆင်ပြေမှာဖြစ်ကြောင်း၊ ပါလက်စတိုင်းကို ပြန်လိုတဲ့သူတွေအတွက်တော့မိခင်နိုင်ငံကို ကာကွယ်ခွင့် ဆုံးရှုံးမှာဖြစ်ကြောင်း ဂျိတ်ဆူလီဗန်က ထပ်မံပြောဆိုပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲဟာ အချိန် (၄)လကျော်ကြာလာချိန်မှာ ဂါဇာဒေသရှိ ပါလက်စတိုင်းတွေကို ကာကွယ်ပေးဖို့ ဂျိုးဘိုင်ဒန်ဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရကြောင်းသိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အမြဲတမ်းအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုခြင်းမရှိတဲ့အတွက် အာရပ်-အမေရိကန်တွေအပြင် မွတ်စလင်ခေါင်းဆောင်တွေရဲ့ဝေဖန်ပြစ်တင်မှုတွေရင်ဆိုင်နေရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁)ဦးသေဆုံးကာ အခြားလူ(၂၁)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ