မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေက ဆိုးလာနေကြောင်း ဘင်္ဂလားဒေရှ့်အစိုးရပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ ဆိုးရွားလာနေပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာ ဖြစ်လာစေခဲ့ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံကို သွားရောက်ကာ အိန္ဒိယပြည်ပရေးရာဝန်ကြီးအပြင် အိန္ဒိယအမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက "ဘင်္ဂလားဒေရှ့် နဲ့ အိန္ဒိယနိုင်ငံတို့ဟာ နယ်စပ်ဒေသချင်းထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့အခြေအနေတွေက နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာအကြောင်းအရာဖြစ်လာခဲ့တယ်။ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိစေဖို့ အိန္ဒိယအမျိုးသားလုံခြုံရေးကောင်စီအကြံပေးနဲ့ ဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များနဲ့ အစိုးရဌာနတာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေရှ့်ပိုင်နက်ခြမ်းကို ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။
ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့ဟာ ၎င်းတို့ပိုင်နက်အတွင်းရောက်ရှိလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တွေကို လက်နက်ဖြုတ်သိမ်းကာ စောင့်ရှောက်ထားပြီး ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့ထားကြောင်း သိရပါတယ်။ မြန်မာအစိုးရဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကိုရောက်ရှိနေတဲ့မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့စီစဉ်နေပြီး ဘင်္ဂလားဒေရှ့်အစိုးရတာဝန်ရှိသူတွေနဲ့ဆွေးနွေးနေကာ လေကြောင်းခရီးစဉ်နဲ့ ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကောလင်းကို တပ်မတော်က ရာနှုန်းပြည့်နီးပါး ပြန်လည်သိမ်းပိုက်နိုင်ပြီ၊ သူဌေးကျွန်း ဦးကျော်လွင်ကိစ္စ၊ နယ်ဒါးမြတို့မိသားစု ထိုင်းနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရပြီလား..? (၈-၂-၂ဝ၂၄)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း