သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေတိုက်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့
သန့်ဇင်(NSS) - ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေတိုက်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သွားရောက်ကူညီကယ်ဆယ်ခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂ ရက်)၊ ည ၇နာရီ ၃မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ (၁)လမ်းရှိ နေအိမ်တစ်လုံး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်မှုဖြစ်စဉ်ကိုတော့ မသိခဲ့ရဘူး။ မီးလောင်သွားတာကတော့ အုတ်ကာ ပျဉ်ခင်း(၂) ထပ်တိုက်တစ်လုံးမီးလောင်သွားတယ်။ ည ၇ နာရီ ၂၆ မိနစ်မှာ Level 1 ခေါ်ပြီးမီးငြှိမ်းလိုက်ရတယ်”ဟု အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေ(၂)ထပ်တိုက်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းမီးလောင်မှုအား သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းနှင့် အခြားအသင်းအဖွဲ့များက မိနစ်(၃၀)ဝန်းကျင်ခန့်အကြာသွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်ဆီးဆုံးရုံးမှုတန်ဖိုးအား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲကျင်းပ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း