လှိုင်သာယာမြို့နယ်ရှိ နေအိမ်တစ်လုံးရှေ့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး
Pearl (NSS) - ဖေဖော်ဝါရီ ၃
လှိုင်သာယာမြို့နယ်ရှိ နေအိမ်တစ်လုံးရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ရက်) ၊ ည (၇) နာရီ (၂၀) မိနစ်အချိန်တွင် ရန်ကုန် တိုင်း ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အနော်ရထာလမ်းရှိ နေအိမ်တစ်လုံး၌ ပိုင်ရှင်ဖြစ်သူ ဦးစောလီယို အပါအဝင် (၈)ဦးတို့သည် နေအိမ်ရှေ့လမ်း နှင့် ၁၀ ပေခန့်အကွာ၌ စားပွဲခင်း၍အတူစားသောက်နေစဥ် ထိုင်ခုံတစ်ခုအောက်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် စားသောက်နေသူ (၈) ဦးအနက် ကိုသက်နိုင်ထွန်း (၄၆) နှစ်၊ ဒေါ်ခင်ငြိမ်းအေး (၃၉) နှစ် ၊ မမေမြတ်နိုး (ခ)မမီးမီး (၂၀) နှစ် နှင့် မငြိမ်းထွဋ်ခင်(ခ)မအဲလိဇဘက် (၁၅) နှစ်တို့တွင် ပေါက်ကွဲစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဒဏ်ရာရရှိသူများအနက် ကိုသက်နိုင်ထွန်းသည် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ပြီး မငြိမ်းထွဋ်ခင်သည်လည်း စိုးရိမ်စရာ အခြေအနေရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေတိုက်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း