စူးစမ်းလွန်းတဲ့ Raccoon ကြောင့် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့လည်ခေါင်မှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၃
စူးစမ်းလွန်းတဲ့ Raccoonတစ်ကောင်ဟာ ဖေဖော်ဝါရီလ ၁ ရက်နှောင်းပိုင်းက ကနေဒါနိုင်ငံ၊ မြို့တော် တိုရွန်တိုရှိ လျှပ်စစ်အချက်အချာနေရာတစ်ခုကို ထိမိခဲ့ခြင်းကြောင့် မီးပွိုင့်မီးများ ပြတ်တောက်ကာ မြို့လည်ခေါင်ရှိ လူနေအိမ်ခြေ တော်တော်များများ မီးပြတ်ခဲ့ပြီး လူတစ်ချို့ ဓာတ်လှေကားထဲ ပိတ်မိနေခဲ့ရတယ်လို့ သိရပါတယ်။
တိုရွန်တိုမြို့လယ်ရှိ ဘူတာရုံတစ်ခုမှ လျှပ်စစ်ပစ္စည်းတွေကို ညအချိန် Raccoon တစ်ကောင်က ထိတွေ့ခဲ့ခြင်းကြောင့် အခုလိုဖြစ်ရခြင်းဖြစ်တယ်လို့ Utility Hydro One က ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။ အဲဒီနေ့က CN Tower မှတ်တိုင်မှ ၂ ကီလိုမီတာခန့် အကွာရှိ ဒေသများမှာ ဓာတ်အားပြတ်တောက်ခဲ့ပြီး လူပေါင်း ၇၀၀၀ ခန့် အမှောင်ထဲမှာ သုံးနာရီနီးပါးကြာအောင်နေခဲ့ရတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့်ဓာတ်လှေကား ထဲ ပိတ်မိနေခဲ့ရသူတွေ ရှိခဲ့တယ်လို့ မြို့တော်မီးသတ်ဌာနက ပြောပါတယ်။ ဒါ့ပြင် Union Station ရထားပို့ဆောင်ရေးအချက်အချာဖြစ်တဲ့ တိုရွန်တို မြို့လယ်ရှိ မီးပွိုင့်အချို့ကိုလည်း ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။ Think-tank Electricity Canada ရဲ့ အဆိုအရ Raccoon နဲ့ ရှဥ့်တွေဟာ တိရစ္ဆာန်နဲ့ ဆက်နွယ်တဲ့ လျှပ်စစ်ပြတ်တောက်မှုတွေမှာ အဖြစ်အများဆုံး တရားခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်ရှိ နေအိမ်တစ်လုံးရှေ့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း