အီရတ်နိုင်ငံ၌ အခက်အခဲများနှင့်ကြုံတွေ့နေရသော မြန်မာအမျိုးသမီး (၃)ဦး နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ
Pearl (NSS) - ဇန်နဝါရီ ၃
အီရတ်နိုင်ငံ၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာအမျိုးသမီး (၃)ဦး နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အီရတ်နိုင်ငံ ၊ ဘဂ္ဂဒက်မြို့၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည် ပို့ဆောင်ပေးနိုင်ရေးနှင့်ပတ်သက်၍ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အီရတ်နိုင်ငံရှိ အာဏာပိုင်များ နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ ညှိနှိုင်းခဲ့ပြီး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီလ(၁) ရက်တွင် ဘဂ္ဂဒက်မြို့မှ ဘဂ္ဂဒက်-ဒူဘိုင်းလေယာဉ် ခရီးစဉ်ဖြင့် ဒူဘိုင်းသို့ ထွက်ခွာခဲ့ပြီး ဒူဘိုင်း - ဘန်ကောက် လေယာဉ် ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နစကမှ ဆိုသည်။
ပြန်လည်ရောက်ရှိလာသော အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မဟန်နီထွန်း၊ မမြတ်အေးစံ (ခ) ဝေဝေ ၊ မသန်းနွယ်ဌေးတို့ ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စူးစမ်းလွန်းတဲ့ Raccoon ကြောင့် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့လည်ခေါင်မှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း