မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်နဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၉
အာဆီယံသဘောတူညီချက်ငါးချက်ထဲမှာပါဝင်နေတဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့ အစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြားဝင်ဆောင်ရွက်ခဲ့ပြီး နစကအဖွဲ့ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် အာဆီယံသဘောတူညီချက်ငါးချက်က သိသာတိုးတက်မှုတွေ မရှိသေးကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေပါတယ်။ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ဟာ ဇန်နဝါရီ ၂၈ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် Alounkeo Kittikhoun နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရေးအခြေအနေများကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပြုလုပ်ထားတဲ့ အာဆီယံသဘာတူညီချက်ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့အတွက် ၂ဝ၂၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အာဆီယံသဘောတူညီချက်ငါးချက်ထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီးနောက် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ဟာ ဇန်နဝါရီလအစောပိုင်းက မြန်မာနိုင်ငံကိုလာရောက်ကာ နစကအဖွဲ့ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်အစိုးရက ဂြိုလ်တု(၃)လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ထပ်မံလွှတ်တင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း