အမေရိကန်၊ ဂျော်ဂျီယာမှာ ဘဏ်တစ်ခုကို ဖောက်ထွင်းခဲ့တဲ့ ဘဏ်ဓားပြတစ်ဦးကိုဖမ်းမိခဲ့ဟုဆို
ရောင်နီ (NSS) - ဇန်နဝါရီ ၂၈
အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ ရိုစ့်ဝဲရှိဘဏ်ကို ဓားပြတိုက်တယ်လို့ သံသယရှိထားတဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ပြစ်မှုကျူးလွန်ပြီး ရက်ပိုင်းအကြာမှာ မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးရဲ့နေအိမ်မှာ အိပ်ပျော်နေလျက်တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဂျိန်းရာဘွန် အမည်ရှိ အဆိုပါ အမျိုးသားကို လက်နက်ကိုင် ဓားပြတိုက်မှု၊ မဆင်မခြင် မောင်းနှင်မှု၊ ရဲကို ရှောင်ရန် ကြိုးပမ်းမှုနဲ့ အခြား ယာဉ်ကြောပိတ်ဆို့မှုများ အပါအဝင် စွဲချက်များစွာနဲ့ ဗုဒ္ဓဟူးနေ့(ဇန်နဝါရီ ၂၄ ရက်) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရာဘွန်ဟာ တနင်္လာနေ့ (ဇန်နဝါရီ ၂၂ ရက်) က ရိုစ့်ဝဲရှိ Truist Bank မှ ဝန်ထမ်းတစ်ဦးဆီ ငွေတောင်းပြီး သေနတ်ကိုင်ကာ ခြိမ်းခြောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ရဲတပ်ဖွဲ့က Roswell Crime Center မှ နည်းပညာအကူအညီနဲ့ ဘဏ်၊အိမ်နီးချင်းစီးပွားရေး လုပ်ငန်းများမှ ထောက်လှမ်းကြည့်ရှုတဲ့ ဗီဒီယိုများမှတစ်ဆင့် ဖြစ်နိုင်ခြေရှိတဲ့ သံသယရှိသူတွေကို ရှာဖွေဖော်ထုတ်ခဲ့ပြီး ရာဘွန်ကို ခြေရာခံခဲ့ပါတယ်။
ရာဘွန်နဲ့အတူ တွေ့ရှိရတဲ့ အိမ်ရှင် အမျိုးသမီးကတော့ အန်မလီဘရောင်းနင် အသက် ၂၉ နှစ်ဖြစ်ပြီး၊ သူမဟာလည်း ဓားပြတိုက်ရာမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် သူမက ရာဘွန်း အထဲမှာရှိနေတယ်ဆိုတာ မသိခဲ့ရသလို သူတို့နှစ်ဦးကြား ဆက်သွယ်မှုလည်းမရှိခဲ့ဘူး" လို့ ဆိုထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆက်လက်စုံစမ်းနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအစည်းအဝေးကို သွားတက်တဲ့ မြန်မာကိုယ်စားလှယ်၊ ပအိုဝ်းအဖွဲ့ကို သတိပေးတဲ့ NSPNC၊ တရုတ်နဲ့အမေရိကန်ထိပ်ပိုင်းအရာရှိတွေ မြန်မာအကြောင်း ဆွေးနွေးကြသလား၊ ရှေ့နေအချို့ နဲ့ NLD ပါတီဝင်အချို့ကို သတိပေးခြင်း(၂၈-၁-၂ဝ၂၄)
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း