ရန်ကုန်ဈေးကွက်အတွင်း၌ ဓာတ်ဆီ တစ်လီတာလျှင် (၂ဝဝ) ကျပ်ဝန်းကျင် မြင့်တက်လာ
NSS - ဇန်နဝါရီ ၂၆
ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း၌ ဓါတ်ဆီတစ်လီတာလျှင် နှစ်ရာကျပ် ဝန်းကျင်မြင့်တက်လာပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှင့်စက်သုံးဆီဈေးများ ဆက်တိုက်မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးများပါ အပြောင်းအလဲဖြစ်လာခဲ့သည်။
“ကမ္ဘာ့ဈေးမှာတက်နေတာ လေးရက်လောက်ရှိပြီ။ ဒီနေ့ ဇန်နဝါရီလ ၂၆ ရက်ကျမှ ဆီဈေးတက်လာတာ။ ချက်ခြင်းပြန်ကျဖို့ မဖြစ်နိုင်ဘူး ရက်ပိုင်းလောက်တော့ကြာဦးမယ်ထင်တယ်။ နယ်ကဆီဆိုင်တွေလဲ တက်နေတာကြာပြီ”ဟု ရန်ကုန်မြို့ရှိ လက်လီဆီဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ဇန်ဝါရီလလည်တွင် ဓါတ်ဆီ ၉၂ တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ လက်ရှိတွင်၂၅၇၉ ကျပ်အထိ လည်းကောင်း၊ ၉၅ တစ်လီတာလျှင် ၂၅၀၀ ကျပ်မှ ၂၇၁၈ ကျပ်အထိ မြင့်တက်လာခြင်းဖြစ် သည်။ ဓါတ်ဆီဈေးသည် တစ်လီတာလျှင်၂၀၀ ကျပ်ဝန်းကျင်မြင့်တက်လာခြင်းကြောင့် အခြေခံကုန်ဈေးနှုန်းများ ဆက်လက်မြင့် တက်လာမည့်အပေါ် ပြည်သူများက စိုးရိမ်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့အနာဂါတ်အတွက် အမေရိကန် နဲ့ အီရတ်အစိုးရ ဆွေးနွေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း