အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့အနာဂါတ်အတွက် အမေရိကန် နဲ့ အီရတ်အစိုးရ ဆွေးနွေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၆
အမေရိကန်အစိုးရဟာ အီရတ်နိုင်ငံမှာဖြန့်ကြတ်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့အနာဂါတ်နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန် နဲ့ အီရတ်အစိုးရတို့ဟာ အီရတ်နိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေ ဆယ်စုနှစ်နဲ့ချီပြီး ဖြန့်ကြတ်ချထားမှုတွေ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြောင်း ပြောပါတယ်။
အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖက်ဟူစိန်က အမေရိကန်အစိုးရဟာ အီရတ်နိုင်ငံအတွင်းမှာ ဖြန့်ကြတ်ချထားတဲ့ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့တွေနဲ့ပတ်သက်ပြီး နောက်ထပ်အဆင့်တွေကို စေ့စပ်ဆွေးနွေးဖို့ ဆန္ဒရှိနေကြောင်း၊ အမေရိကန်ကိုယ်စားလှယ်ရဲ့မက်ဆေ့ကို လက်ခံရရှိထားပြီး ဝန်ကြီးချုပ်ကိုယ်တိုင် လေ့လာနေ ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပါတယ်။
အစ္စလာမ်အစွန်းရောက်အုပ်စုတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ၂ဝ၁၄ ခုနှစ်က အီရတ်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင်အရေအတွက် အနည်းဆုံး ၂၅ဝဝ ကျော် ရှိနေခဲ့ကြောင်း သိရပါတယ်။ အမေရိကန်စစ်တပ်ကတော့ ၎င်းတို့ အနေနဲ့ အီရတ်နိုင်ငံအတွင်း ဖြန့်ကြတ်ချထားတဲ့တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုတ်သိမ်းဖို့ စဉ်းစားတာမျိုးမရှိသေး ကြောင်း ဇန်နဝါရီလအစောပိုင်းက ပြောခဲ့ဖူးပါတယ်။
အမေရိကန်အစိုးရနဲ့ အီရတ်အစိုးရကြားဆွေးနွေးရာမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်လည်ရုတ်သိမ်းမယ့်အချိန် နဲ့ ပြန်ရုတ်သိမ်းသင့်-မသင့် ဆိုတဲ့အချက်ကို အဓိကထားဆွေးနွေးမှာဖြစ်ကြောင်း စီအမ်အမ်သတင်းဌာန က ဖော်ပြခဲ့ဖူးပါတယ်။ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်တပ်က ပြန်လည်တုံ့ပြန်ခြင်းများရှိခဲ့ပြီး အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
အီရတ်ဝန်ကြီးချုပ်ကိုယ်တိုင်က နိုင်ငံအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ချထားရေးနဲ့ပတ်သက်ပြီး ပြန်လည် စဉ်းစားရဖွယ်ရှိနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ၅ ဦး သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ