ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံနီးပါး ထိခိုက်ပျက်စီးခဲ့ရ ဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၆
နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံ ထိခိုက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း ၂၃၆ ဦး သေဆုံးခဲ့ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများက ပြော ပါတယ်။
ဂျပန်နိုင်ငံ Ishikawa အရပ်ဒေသမှာ ဇန်နဝါရီ ၁ ရက်က ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ ရာ လမ်းများပျက်စီးခြင်း၊ အဆောက်အဦးများ ပြိုကျခြင်းတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးရမှုပမာဏဟာ ၂ဝ၁၁ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ငလျင် နဲ့ နှိုင်းယှဉ်ရင် များစွာလျော့ နည်းနေသေးကြောင်း သိရပါတယ်။
၂ဝ၁၁ ခုနှစ်က ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်မှုနဲ့အတူ ဆူနာမီလှိုင်းလုံးကြီးများ ဝင်ရောက်ခဲ့ရာ ဂျပန်ယန်း ၁၆ ဒသမ ၉ ထရီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ ဂျပန်အစိုးရဟာ လက်ရှိအချိန်မှာ ငလျင်ဒဏ်ကို အဓိက ခံစားခဲ့ရတဲ့ Ishikawa အရပ်ဒေသ နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ပွားခဲ့တဲ့ ထိခိုက်ဆုံးရှုံးမှုပမာဏကို တွက်ချက် နေပြီး ပြန်လည်ပြုပြင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဂျပန်အစိုးရဟာ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးရမှုတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ ပြုလုပ်နေတဲ့ အစီအစဉ်တွေထဲမှာ စက်ရုံတွေ၊ ဆိပ်ကမ်းတွေ ပြန်လည်ပြုပြင်ရေးအစီအစဉ်တွေ ပါဝင်နေသလို လမ်းများ၊ အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးအစီအစဉ်တွေလည်းပါဝင်နေကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံမှာ ၂ဝ၁၁ ခုနှစ်က လှုပ်ခတ်ခဲ့ဖူးတဲ့ အင်အားပြင်းငလျင်နဲ့အတူ ဆူနာမီဝင်ရောက်မှုတွေကြောင့် ဖူကီရှီမာ ဒေသရှိ ဓါတ်ပေါင်းဖို ထိခိုက်ပျက်စီးမှုတွေကြောင့် လူပေါင်း ၁၈၅ဝဝ သေဆုံး၊ ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ဈေးကွက်အတွင်း၌ ဓာတ်ဆီ တစ်လီတာလျှင် (၂ဝဝ) ကျပ်ဝန်းကျင် မြင့်တက်လာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း