နိုင်ငံရေးနှင့် စစ်ရေးအရ ပင်လယ်ပြင်စစ်ဆင်ရေးအပြင် မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနေကြောင်း ရေတပ်ဦးစီးချုပ်ပြော
မြူနစ် (NSS) - ဇန်နဝါရီ ၂၆
လက်ရှိ နိုင်ငံရေးနှင့်စစ်ရေးအခြေအနေအရ ပင်လယ်ပြင်စစ်ဆင်ရေးအပြင် မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနေကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်က ယမန်နေ့(ဇန်နဝါနရီလ ၂၅ ရက်)တွင် ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့် ရေးဌာနချုပ် စစ်ရေးပြကွင်းတွင် ကျင်းပသည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရ တပ်မတော် (ရေ) သည် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်း နှင့် ချင်းတွင်းမြစ် ကြောင်းတစ်လျှောက် စစ်ဆင်ရေး၊ စစ်ဘက်သယ်ယူပို့ဆောင် ရေး တာဝန်များကို ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်က ပြောသည်။
တပ်မတော်(ရေ)အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများအရ ပင်လယ်ပြင်စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနေခြင်းဖြစ်ပြီး မြန်မာနိုင် ငံ၏ ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင် လယ် ပြင်၏ အရေးပါမှုများကို သိရှိထားရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားတွင် ကုန်သွယ်ရေးလမ်း ကြောင်းများနှင့် ဆိပ်ကမ်းလုံခြုံရေးတို့အတွက် တပ်မတော် (ရေ)က ဆောင်ရွက်ပေးနေသည့်အပြင် မြစ်ချောင်းများထိန်း သိမ်းရေးကဏ္ဍများတွင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA လက်နက်ကိုင်ပူး ပေါင်းအဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် တပ်မတော်(ရေ)က ရေကြောင်းပစ်ကူများဖြင့် ပူးပေါင်းတိုက် ခိုက်ပေးနေလျက်ရှိကြောင်း သိရသည်။
လက်ရှိ တပ်မတော်(ရေ)တွင် တိုက်ခိုက်ရေးသုံး ရေငုပ်သင်္ဘောနှစ်စင်း အပါအဝင် ဖရီးဂိတ်စစ်ရေယာဉ်များကိုပါ ပိုင်ဆိုင်ထား ပြီး စုစုပေါင်းစစ်ရေယာဉ် (၁၀၀)ကျော် ပိုင်ဆိုင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံနီးပါး ထိခိုက်ပျက်စီးခဲ့ရ ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ