ကျိုက်ထိုမြို့ရှိ အင်းဝဘဏ်တိုက်ခိုက်ခံရကာ လုံခြုံရေးတစ်ဦး သေဆုံး
NSS - ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ အင်းဝဘဏ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်သတင်းရင်းအမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့(ဇန်နဝါရီလ ၁၂ ရက်)၊ နေ့လည်(၁) နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ကံ့ကော်ရပ်ကွက်ရှိ အင်းဝဘဏ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါအင်းဝဘဏ်သို့ အကြမ်းဖက်သမား(၇)ဦးခန့်ပါရှိသည့် HONDA Insight ကားနှစ်စီးရောက်ရှိလာကာ တာဝန်ကျနေသည့် လုံခြုံရေး(၄)ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဥ်မှန်ပါတယ်။ HONDA Insight ကားနှစ်စီးနဲ့ ခန့်မှန်းခြေလူအင်အား(၇)ယောက်လောက်က လာပြီး လုံခြုံရေးစောင့်နေတဲ့အဖွဲ့တွေကို ပစ်ခတ်တာပါ။ တစ်ယောက်တော့ ကျဆုံးသွားတယ်။ လက်နက်ငယ်တွေဆိုပေမယ့် အရှည်တွေနဲ့ပစ်သွားတာ”ဟု အထက်ပါသတင်းအရင်းအမြစ်က NSS ကိုပြောသည်။
ထို့ပြင် အဆိုပါဘဏ်အနီးတွင်ရှိနေသည့် အမျိုးသမီးနှစ်ဦးတွင်လည်း ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြောင်း သိရသည်။
“ဘဏ်နားမှာရှိတဲ့ အမျိုးသမီး(၂)ယောက်ကတော့ ခြေထောက်မှာဒဏ်ရာနည်းနည်းရသွားကြတယ်။ မစိုးရိမ်ရပါဘူး။ အဆောက်အဦးမှာတော့ မှန်တွေဘာတွေကွဲသွားတာတော့ရှိတယ်” ဟု ၎င်းကဆက်လက်ပြော သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မွန်းလွဲပိုင်းကလည်း မွန်ပြည်နယ်၊ ရေးမြို့ရှိ မြဝတီဘဏ်ရှေ့တွင်ပစ်ခတ်မှုဖြစ်ပွားကာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့်ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးတို့သေဆုံးခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားပြီး အခက်အခဲဖြစ်နေသူများ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး အသိပေး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ