အာရေဗီယံပင်လယ် (Arabian Sea) နားမှာ ပြန်ပေးဆွဲခံရတဲ့ကုန်စည်သင်္ဘောကို အိန္ဒိယရေတပ် တပ်ဖွဲ့ ပြန်လည်ကယ်တင်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၆
အိန္ဒိယရေတပ်တပ်ဖွဲ့ဟာ အာရေဗီယံပင်လယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ MV Lila Norfolk သင်္ဘောမှာ ပါဝင်တဲ့ အိန္ဒိယ နိုင်ငံသား ၁၅ ဦး အပါအဝင် သင်္ဘောသား ၂၁ ဦးကို ပြန်လွတ်မြောက်အောင် ဇန်နဝါရီ ၅ ရက်မှာ ကယ်တင်ပေးနိုင်ခဲ့ ကြောင်း သိရပါတယ်။
"အိန္ဒိယနိုင်ငံသား ၁၅ ဦး အပါအဝင် သင်္ဘောသား၂၁ ဦး ဘေးကင်းစွာနဲ့ပြန်လည်ကယ်တင်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။ အဆိုပါသင်္ဘောဟာ ဆိုမာလီယာ ကမ်းရိုးတန်းအနီးမှာ ဇန်နဝါရီ ၄ ရက်က ပြန်ပေးဆွဲခံရခြင်းဖြစ် ကြောင်း၊ အိန္ဒိယရေတပ်ရဲ့စစ်သင်္ဘောတွေဟာ ကင်းလှည့်ချိန်အတွင်း ကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။
အိန္ဒိယရေတပ်မရိန်းအထူးကွန်မန်ဒိုအဖွဲ့တွေနဲ့အတူ ထောက်လှမ်းရေးကိရိယာများ၊ Predator MQ9B အမျိုးအစား ဒရုန်းတွေကို အသုံးပြုခဲ့ရကြောင်း သိရပါတယ်။
အိန္ဒိယရေတပ်က ပင်လယ်ဓါးပြတွေဟာ သင်္ဘောကိုပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့ကြောင်း၊ အိန္ဒိယရေတပ်က ပြန်ပေးဆွဲဖို့ ကြိုးပမ်းခြင်းတွေကို စွန့်လွှတ်ဖို့ အင်အားသုံး သတိပေးမှုတွေ လုပ်ဆောင်ခဲ့ရကြောင်း၊ အိန္ဒိယရေတပ် တပ်ဖွဲ့က ပြောပါတယ်။
အိန္ဒိယရေတပ်တပ်ဖွဲ့ဟာ အိန္ဒိယသင်္ဘောသား ၁၅ ဦးပါတဲ့ ကုန်စည်သင်္ဘော ပြန်ပေးဆွဲခံရတဲ့သတင်းကို လက်ခံ ရရှိခဲ့ပြီးနောက် ရေတပ်သင်္ဘောတွေနဲ့ မရိန်းတပ်ဖွဲ့တွေ စေလွှတ်ပြီး ကယ်တင်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုန်စည်သင်္ဘောထဲမှာ အမည်မသိသေနတ်သမား ၆ ဦးက စီးနင်းထားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယရေတပ်က ပြောပါတယ်။
အိန္ဒိယရေတပ်ဟာ သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ပြန်ပေးဆွဲခံရတဲ့ ကုန်စည်သင်္ဘောကို အနီးကပ်စောင့်ကြည့် နေခဲ့သလို သင်္ဘောပေါ်မှာပါဝင်တဲ့ သင်္ဘောသားတွေကို ဆက်သွယ်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံအားပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေး ဒု-ဝန်ကြီးပြော
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ