Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က နောက်ဆုံးအကြိမ်အဖြစ် သတိပေးပြီး နာရီပိုင်းအကြာ ပင်လယ်နီရေပြင်တွင် ဟူသီတို့က ဒရုန်းသင်္ဘောဖြင့် တိုက်ခိုက်

Htay Oung (NP News) - ဇန်နဝါရီ ၆

ဟူသီထိန်းချုပ်ပြီး ယီမင်နိုင်ငံမှ လွှတ်တင်ခဲ့တဲ့ ရေပြင်သွား လက်နက်တင် မောင်းသူမဲ့ သင်္ဘောတစ်စင်းဟာ ကြာသပတေးနေ့(ဇန်နဝါရီလ ၄ ရက်)မှာ ပင်လယ်နီအတွင်း အမေရိကန်ရေတပ်နဲ့ အရပ်ဘက်ကုန်သွယ်ရေကြောင်းသင်္ဘောများမှ မိုင်အနည်းငယ် အကွာအဝေးအထိ ရောက်ရှိလာတဲ့အတွက် ဖောက်ခွဲပစ်လိုက်ရကြောင်း၊ အဲဒီဖြစ်ရပ်ဟာ အီရန်ကျောထောက် နောက်ခံပြုလက်နက်ကိုင်များအနေနဲ့ တိုက်ခိုက်မှုများကို ရပ်တန့်ခြင်း မပြုလျှင် စစ်ရေးအရ အရေးယူရလိမ့်မယ်လို့ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံများက နောက်ဆုံးအကြိမ်အဖြစ်သတိပေးချက် ထုတ်ပြန်အပြီး နာရီပိုင်းအကြာမှာဖြစ်တယ်လို့ AP သတင်းအေဂျင်စီက ဒီဇင်ဘာလ ၅ ရက်မှာ ရေးသားပါတယ်။


ဟူသီတို့အနေနဲ့ မောင်းသူမဲ့ ရေပြင်သွားယာဉ် သို့မဟုတ် USV တွေကို လွန်ခဲ့တဲ့ နှစ်များတုန်းက အသုံးပြုခဲ့ဖူးကြောင်း၊ ဒါပေမဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်ပွားပြီးနောက် ပင်လယ်နီအတွင်း ခုတ်မောင်းသွားလာနေတဲ့ အရပ်ဘက် ကုန်သွယ်ရေကြောင်းသင်္ဘောများကို နှောက်ယှက်ရာမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဒေသ အမေရိကန်ရေတပ် စစ်ဆင်ရေး အကြီးအကဲ ဒုတိယရေကြောင်းဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါးက ပြောပါတယ်။

လန်ဒန်အခြေစိုက် မဟာဗျူဟာလေ့လာရေးဌာန မစ်ဆိုင်းလ်လက်နက် ကျွမ်းကျင်သူ ဖေဘီယန်ဟိန်းဇ်ကတော့ USV တွေဟာ ဟူသီရေကြောင်းသုံးလက်နက်ကဏ္ဍမှာ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယီမင်စစ်ပွဲတုန်းက ၀င်ရောက်စွက်ဖက်ခဲ့တဲ့ ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့များပေါ် ယခင်တိုက်ပွဲများမှာ အသုံးပြုခဲ့ဖူးကြောင်း၊ တိုက်မိပြီး ပေါက်ကွဲသွားအောင် ဖန်တီးထားတဲ့ အသေခံဒရုန်းလှေများအဖြစ် ပုံမှန်အသုံးပြုခဲ့ကြတယ်လို့ ပြောပါတယ်။

ဟူသီတို့ရဲ USV အများစုကမှာ အီရန်နိုင်ငံလုပ် ကွန်ပျူတာလမ်းညွှန်စနစ်မျိုးတို့လို အစိတ်အပိုင်းများနဲ့ တည်ဆောက်ထားတာဖြစ်ပေမယ့် ယီမင်မှာ ပစ္စည်းအစိတ်အပိုင်းတစ်ခုချင်းစီ ပြန်လည်တပ်ဆင်ယူပုံရတယ်လို့ ဆိုပါတယ်။ 

အီရန်ဟာ ဟူသီတို့ကို ငွေကြေးနဲ့ ခေတ်မီလက်နက်စနစ်များ ထောက်ပံ့ပေးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်း အဝေးမှာ အမေရိကန် လက်ထောက်သံအမတ်ကြီး ခရစ်စ်တိုဖာလျူက ပြောပါတယ်။ အီရန်ဟာ ပင်လယ်နီရေပြင်ရှိ ကုန်သွယ်ရေကြောင်းသင်္ဘောများကို ဟူသီတို့က တိုက်ခိုက်ရေး စီစဉ်ရာမှာလည်း ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ကြောင်း၊ ဒီအတိုင်းဆက် ထောက်ပံ့နေမယ်ဆိုရင် ကုန်တင်သင်္ဘောတွေဟာ ပင်လယ်နီရေပြင်ကို ခက်ခက်ခဲခဲ ဖြတ်သန်းရဖို့ ဖြစ်လာနိုင်ကြောင်း သံအမတ်ကြီးက တင်ပြပါတယ်။

အမေရိကန်အနေနဲ့ အီရန်နဲ့ ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းနေခြင်း မဟုတ်ပေမယ့် ဒီကိစ္စမှာ  တီဟီရန်အနေနဲ့ ရွေးချယ်ပိုင်ခွင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဟူသီတို့အပေါ် အရေးယူမယ်ဆိုရင် ပဋိပက္ခကို ကျယ်ပြန့်လာစေနိုင်တဲ့ အီရန်ပါ၀င်ပတ်သက်နေခြင်းကို ဘယ်လိုနည်းမျိုးနဲ့ ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အမေရိကန်၊ သြစတြေးလျ၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ စင်္ကာပူနဲ့ ဗြိတိန်တို့က လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်ဟာ ဟူသီတို့ကို နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်တယ်လို့ အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

တရားမဝင် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်ဖို့၊ မတရားဖမ်းဆီးထားတဲ့ ရေယာဉ်များနဲ့ အမှုထမ်းများကို လွှတ်ပေးဖို့ တောင်းဆိုကြောင်း၊ အသက်ဘေးများ၊ ကမ္ဘာ့စီးပွားရေးနဲ့ ဒေသတွင်း အရေးပါတဲ့ ရေလမ်းကြောင်း ရဲ့ လွတ်လပ်စွာ ကူးသန်းသွားလာမှုအပေါ် ဆက်လက်ခြိမ်းခြောက်နေမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်များဟာ  ဟူသီတို့မှာသာလျှင် တာဝန်ရှိမှာဖြစ်ကြောင်း ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ပြောပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပင်တာဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီးကတာ့ ကြာသပတေးနေ့ ဟူသီတို့ရဲ့ ပင်လယ်ပြင် ဒရုန်းလွှတ်တင်မှု အပေါ် စစ်ရေးအရ အရေးယူခြင်း ရှိ၊ မရှိ တိုက်ရိုက်ပြောကြားခြင်း မရှိပါဘူး၊ ဒီတိုက်ခိုက်မှုတွေ မရပ်ဘူးဆိုရင် အကျိုးဆက်တွေရှိလာမှာကို ကမ္ဘာ့နိုင်ငံအများအပြားက ကိုယ်စားပြုတဲ့ ကြေညာချက်နဲ့ မီးမောင်းထိုးပြထားပြီး ဖြစ်ကြောင်း၊ ဘာတွေ ဆက်ဖြစ်စေချင်တယ်ဆိုတာ သူ့ဖာသာ ပြောပါလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။  

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဟူသီတွေဟာ (စူးအက်တူးမြောင်း အ၀င်အထွက်) ပင်လယ်နီရေပြင်ကို ဖြတ်သွားဖြတ်လာ ခုတ်မောင်းနေတဲ့ ကုန်သွယ်ရေကြောင်းသင်္ဘောများအပေါ် တစ်လမ်းသွားဒရုန်းများ၊ မစ်ဆိုင်းလ် များနဲ့ ပစ်လွှတ်မှုအရှိန်တိုးမြှင့်လာပါတယ်။ အစ္စရေးနိုင်ငံဘက်သို့ ဦးတည်သွားတယ်လို့ ပင်တာဂွန်စစ်ဌာနချုပ်က ပြောထားတဲ့ ပဲ့ထိန်းဒုံးကျည်များကို အမေရိကန်ရေတပ် စစ်သင်္ဘောများက ကြားဖြတ်ဟန့်တားခဲ့ရကြောင်း၊ မစ်ဆိုင်းလ်များနဲ့ ဒရုန်း စုစုပေါင်း ၆၁ စင်းကို ပစ်ချခဲ့ရတယ်လို့ ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါးက ပြောပါတယ်။

ဟူသီတို့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒီဇင်ဘာလမှာ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က “Operation Prosperity Guardian” စစ်ဆင်ရေးကို ကြေညာခဲ့ပါတယ်။ အရေးပါတဲ့ “ဘက်အယ်လ်_မန်ဒက်” ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောများကို အကာအကွယ်ပေးဖို့အတွက် အမေရိကန်နဲ့ အခြားနိုင်ငံများက သင်္ဘောများ ထပ်မံစေလွှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် စစ်ဆင်ရေးစတင်ပြီးကတည်းက ယခုအထိ ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းသုံးသင်္ဘော ၁၅၀၀ ခန့်ရှိကြောင်း၊ ဒါပေမယ့်လည်း ဟူသီများတို့ မစ်ဆိ်ုင်းလ်-ဒရုန်းများနဲ့ ဆက်လက် တိုက်နေခဲ့ကြောင်း၊ ဒီအတွက် ပင်လယ်နီရေပြင်ရှိ သင်္ဘောများအပေါ် တိုက်ခိုက်မှုကို ရပ်တန့်ရန် ဒါမှမဟုတ်ရင် စစ်ရေးအရ အရေးယူရလိမ့်မယ်လို့ နောက်ဆုံးသတိပေးချက်ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ဖို့ ဖြစ်လာခဲ့ကြောင်း၊

ယခင် စစ်ဆင်ရေးဟာ သဘောသဘာဝအရ ခုခံကာကွယ်မှု သက်သက်သာဖြစ်ပြီး ဟူသီတိုက်ခိုက်မှု ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် အမေရိကန်က လုပ်ဆောင်နိုင်မယ့် စစ်ရေးလှုပ်ရှားမှုမျိုးနဲ့မဆို သီးခြားဖြစ်ကြောင်း ၊ ယခုအခါ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က စစ်သင်္ဘောအများစုကို စေလွှတ်မှာဖြစ်ပြီး ဂရိနဲ့ ဒိန်းမတ်တို့ကလည်း သင်္ဘောများကို ထောက်ပံ့ပေးသွားဖို့ ရှိနေတယ်လို့ အရှေ့အလယ်ပိုင်းဒေသ အမေရိကန်ရေတပ် စစ်ဆင်ရေးအကြီးအကဲ ဒုတိယရေကြောင်းဗိုလ်ချုပ်ကြီးက ရှင်းပြပါတယ်။

(AP., 5 January 2024,” Houthis launch sea drone to attack ships hours after US, allies issue final warning” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာရေဗီယံပင်လယ် (Arabian Sea) နားမှာ ပြန်ပေးဆွဲခံရတဲ့ကုန်စည်သင်္ဘောကို အိန္ဒိယရေတပ် တပ်ဖွဲ့ ပြန်လည်ကယ်တင်

RECENT POSTS
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
28 Sep 2024
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
28 Sep 2024
ဝိုင်ဖိုင်ကြိုးတက်ပြင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား
27 Sep 2024
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved