ထီဆုမဲ(၁၀၀၀၀)ကျော်ကို ဇန်နဝါရီလကုန်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု အသိပေး
Pearl (NSS) - ဇန်နဝါရီ ၅
ထုတ်ယူရန်ကျန်ရှိသည့် ထီဆုမဲ (၁၀၀၀၀)ကျော်ကို ဇန်နဝါရီလကုန်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့ (ဇန်နဝါရီလ ၅ ရက်)တွင် ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၄၇)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ (၈၃၆၂၂)ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ (၁၀၀၄၇)ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း သိရသည်။
လာရောက်ထုတ်ယူခြင်းမရှိသေးသည့် ဆုများသည် ကျပ်သိန်း ၁၀၀၀ (၁)ဆု၊ ကျပ်သိန်း ၅၀၀ (၁)ဆု၊ ကျပ်သိန်း ၁၀၀ (၁)ဆု၊ ကျပ်သိန်း ၅၀ (၂)ဆု၊ ကျပ် ၂၀ သိန်း (၁)ဆု၊ ကျပ် ၁၀ သိန်း (၂)ဆု၊ ကျပ် ၃ သိန်း (၁၁)ဆု၊ ကျပ် ၂ သိန်း (၁၁၁)ဆု၊ ကျပ် ၁ သိန်း (၉၈၆)ဆု၊ ကျပ် ၅ သောင်း (၁၃၂၉) ဆု နှင့် ကျပ် ၁ သောင်း (၇၆၀၂) ဆုတို့ ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် စုစုပေါင်း ထီဆုမဲလက်မှတ် (၁၀၀၄၇) ဆုရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများတောင်ခံနိုင်ကြောင်း အသိပေးထားသည်။
အဆိုပါ ထီဆုမဲများအား လာမည့် ဇန်နဝါရီလ (၃၁)ရက် နောက်ဆုံးထား၍ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်း၌ အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွား
RELATED POSTS
26 Sep 2024 | အထွေထွေ,ပြည်တွင်း
26 Sep 2024 | အထွေထွေ,ပြည်တွင်း
23 Sep 2024 | အထွေထွေ,ပြည်တွင်း