ရန်ကုန်-မန္တလေး အမြန်လမ်း၌ အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွား
စော (NSS) - ဇန်နဝါရီ ၅
ရန်ကုန်-မန္တလေး အမြန်လမ်း၌ အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သာဂရအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၅ ရက်)၊ မွန်းလွဲ (၁၂)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၀/၃)နှင့် (၁၇၀/၄) အကြား၌ ကားမီးလောင်ခဲ့ခြင်းဖြစ်သည်။
၎င်းအိမ်စီးကားသည် ရန်ကုန်မြို့မှ နေပြည်တော်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာနေရာအရောက်၌ မီးလောင်ခဲ့ခြင်းဖြစ်သည်။
“ Heat တက်ပြီးတော့ ဝါယာရှော့ပုံစံမျိုးပါ။ ထိခိုက်ဒဏ်ရာမရှိဘူး"ဟု သာဂရအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ကားမီးလောင်မှုအား သာဂရအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မိနစ်အနည်းငယ် ငြှိမ်းသတ်ခဲ့ရပြီး ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ လိုက်ပါစီးနင်းလာခဲ့ကြောင်း သိရသည်။
အဆိုပါ ကားမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ကားတစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးသွားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားတစ်ဦးကိုလုပ်ကြံသတ်ဖြတ်စဥ် နေအိမ်အတွင်းထိုင်နေသည့်အမျိုးသမီးတစ်ဦးပါ ကျည်ထိမှန်သေဆုံးမှု ကျိုက်ထိုမြို့နယ်၌ ဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ