အစ္စရေးအစိုးရအဖွဲ့က နိုင်ငံတကာဖိအားများရှိနေချိန်မှာ နိုင်ငံခြားရေးဝန် ကြီးနေရာကို အစားထိုးခန့်အပ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ အစ္စရေးနိုင်ငံဟာ နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲလုပ်လိုက်ကြောင်းသိရပါတယ်။
အစ္စရေးအစိုးရဟာ နိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်နေရာမှာ Yisrael Katz ဆိုသူကို အစားထိုးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အစ္စရေးအစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာတွေကို အလှည့်ကျတာဝန်ထမ်းဆောင်စေရမယ်ဆိုတဲ့သဘောတူညီချက်အရ အစ္စရေးအစိုးရအဖွဲ့ဟာ စွမ်းအင်ဝန်ကြီး Yisrael Katz ကို နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ယခင်နိုင်ငံခြားရေးဝန်ကြီး ကိုဟန်ကို စွမ်းအင်ဝန်ကြီးနေရာမှာအစားထိုးခန့်အပ်မှာဖြစ်ပါတယ်။
အစ္စရေးအစိုးရအဖွဲ့အတွင်း အစိုးရအဖွဲ့ဝန်ကြီးတွေ အလှည့်ကျ တာဝန်ယူဖို့ လွှတ်တော်ကလည်း ကြိုတင်ခွင့်ပြုထားပြီးဖြစ်ကြောင်းသိရပါတယ်။အစ္စ ရေးအစိုးရဟာ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြူနီစပယ် ရွေး ကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ အစ္စရေးဝန်ကြီး ချုပ်ရုံးက "စစ်ပွဲကာလဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲကျင်းပတော့မှာမဟုတ်ဘူး"လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ လက်ရှိအချိန်မှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကိုအမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေပြီး နိုင်ငံတကာဖိအားများစွာရင်ဆိုင်နေရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးကို အောက်တို ဘာလ ၇ ရက်မှာ ကြိုတင်သတိပေးမှုမရှိဘဲ တိုက်ခိုက်ခဲ့ရာ စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုးအနည်းဆုံး (၂) သောင်းကျော်သေဆုံးထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကယ်ဖြင့် ကုန်းတံတားနံရံကိုတိုက်မိပြီး မြန်မာနိုင်ငံသားနှစ်ဦးတံတားအောက်ပြုတ်ကျသေဆုံးခဲ့မှု ဘန်ကောက်မြို့တွင်ဖြစ်ပွား
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ