ငြိမ်းချမ်းရေးလမ်းစဉ်ကို ကိုင်စွဲကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး ကြိုးပမ်းသွားမည်ဟု မိုင်းလားအဖွဲ့ NDAA ပြော
မြူနစ် (NSS) - ဒီဇင်ဘာ ၂၉
ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး ကြိုးပမ်းသွားမည်ဟုမိုင်းလားအဖွဲ့ NDAA မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။
မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA မှ အထွေထွေ အတွင်းရေးမှူးဦးကြည်မြင့်က ဒီဇင်ဘာလ ၂၇ ရက်တွင် မိုင်းလားမြို့၌ ကျင်းပသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)၏ ၂၀၂၃ ခုနှစ်လုပ်ငန်းနှစ်ချုပ်အစည်း အဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
အထူးဒေသ(၄) မိုင်းလားအဖွဲ့အနေဖြင့် မြန်မာ-တရုတ်နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးကို ကာကွယ်စောင့် ရှောက်ရန်အတွက် တက်ကြွစွာ ပါဝင်ရမည်ဖြစ်ကြောင်းလည်း ဦးကြည်မြင့်က ပြောသည်။
ထို့ပြင် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကာ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင်(၃)ခုကို တစ်စုတစ်စည်း တည်းထားရှိကာ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရန် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
အလားတူ အထက်ပါအစည်းအဝေး၌ NDAA ဒုဥက္ကဋ္ဌဦးစန်ပေ့ကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် လုပ်ငန်းတာဝန်များကို ဖြေရှင်းဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အထူးဒေသ(၄)၏ လုံခြုံရေးဆိုင်ရာ ခံစစ်တံတိုင်းကြီးကို ခိုင်မာစွာတည်ဆောက်ခြင်းတို့နှင့်ပတ်သက်၍ ဦးစန်ပေ့က ထည့်သွင်းလမ်းညွှန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော လက်ရှိ နစကအစိုးရလက် ထက်တွင် မိုင်းလားအဖွဲ့နှင့် နစကတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ဖူးသည်။
NDAA အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းလိုက်နာလျက်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများ၌ MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ်ဆင် ရေး)အမည်ဖြင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိပါ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်၍ မိုင်းလားအဖွဲ့ NDAA သည် ဘက်မလိုက်သော နိုင်ငံရေးရပ်တည်ချက်အတိုင်း ကျင့်သုံးမည်ဖြစ်ပြီး မည်သည့်လက်နက်ကိုင်ပဋိပက္ခမျိုးတွင်မဆို ဝင်ရောက်ပါဝင်ခြင်း၊ စွက်ဖက်ခြင်းတို့ကို ပြု လုပ်မည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရ
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ